၂၈. ၃. ၂၀၂၄
Written By Thandar

သူငယ်ချင်း ငါးယောက်ရဲ့ Friends သီချင်းက တကယ်တော့သူငယ်ချင်းဆိုတာ ဘယ်တော့ ခွဲခွာရမလဲမသိတဲ့အတွက် ရှိနေချိန်မှာတန်ဖိုးထားဖို့ ရည်ရွယ်ဆိုဖြစ်တာပါလို့ နီနီခင်ဇော်က ရင်ဖွင့်လာပါတယ်။

“သူငယ်ချင်းတွေက ဘယ်တော့ ခွဲခွာရမယ် မသိဘူး။ တစ်နေရာဆီလည်း ရောက်သွားနိုင်တယ်လေ။ အမျိုးမျိုးပေါ့။ ဝေးကွာနေတဲ့ သူငယ်ချင်းတွေအတွက် ရေးဖြစ်တဲ့ သီချင်းလေးပါ။ အမြဲတမ်း အချစ်အကြောင်းပဲ ရေးနေလို့မရဘူးလေ။ ပေါက်ဖို့ လုပ်ခဲ့တဲ့ သီချင်းတော့မဟုတ်ပါဘူး သူငယ်ချင်းတွေနဲ့ အမှတ်တရလေး လုပ်ဖြစ်တာပါ။ အဓိကတော့ သူငယ်ချင်းတွေ တူတူရှိနေကြတယ်။ တကယ်တော့ သူငယ်ချင်းဆိုတာ ဘယ်တော့ခွဲခွာရမလဲ မသိတဲ့အတွက် ရှိနေချိန်မှာ တန်ဖိုးထားဖို့ ရည်ရွယ်တာပါ”လို့ အဆိုတော် နီနီခင်ဇော်ကပြောပါတယ်။

ဒီသီချင်းကို ဖြိုးပြည့်စုံ ၊ အောင်ထက် ၊ နီနီခင်ဇော် ၊ မိစန္ဒီနဲ့ ဂျူဝယ် တို့က ပေါင်းပြီး သီဆို ထားကြတာလည်း ဖြစ်ပါတယ်။ အဆိုပါ တေးသီချင်းကိုတော့ တေးရေးအနေနဲ့ နီနီခင်ဇော်က ရေးသားထားပြီး Rap အပိုင်းကိုတော့ မိစန္ဒီက ရေးသားထားတာ ဖြစ်ပါတယ်။ ဒီသီချင်းကို Oxygen Band ကတီးခတ်ထားပြီးတော့ Harmony ကို နှင်းပွင့် ၊ Gita City သီဆိုကာ ဒါရိုက်တာ T-Creation က ရိုက်ကူးပေးထားတာဖြစ်ပါတယ်။

“Relationship မှ မဟုတ်ဘူး။ ခိုင်မာတဲ့ Friendship တစ်ခုရှိနေဖို့ကလည်း ခက်ခဲတယ်လေ။ Relationship တစ်ခုတည်း အရေးကြီးတာ မဟုတ်ပါဘူး။ Friendship ကလည်း အရမ်း အရေးကြီးပါတယ်။ Relationship က ခဏပဲပြတ်သွားတာလည်း ရှိနိုင်တယ်လေ။ Friendship ကတော့ ကိုယ် အသည်းတွေ ကွဲနေလည်း ဘေးကရှိနေပေးတယ်။ အဝေးရောက်နေချိန်မှာလည်း ရှိနေပေးတဲ့ သူငယ်ချင်းတွေရှိပါ တယ်။ အဆင်သင့်ပါနော်။ သူငယ်ချင်းကောင်းဆိုတာ ကြယ်တွေလိုပါပဲ ”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News