၂၀. ၃. ၂၀၂၄
Written by Thettant

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့မှာ နေထိုင်ကြတဲ့ ရာထောင်ချီတဲ့ ဒေသခံ ဘင်္ဂါလီတွေဟာ AA ကို အလိုမရှိဘူးလို့ ချီတက် ဆန္ဒပြမှုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ ထွက်ပေါ် လာပါတယ်။

ဗမာမုန်းတီးရေးလှုံ့ဆော်တဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဟာ ဘင်္ဂါလီတွေကိုလည်း တစ်ဆင့်နှိမ့်ဆက်ဆံကြသလို ချင်းပြည်နယ် ပလက်ဝမြို့ကိုလည်း ကုလားတန်စီမံကိန်းချုပ်ကိုင်ချင်ဇောနဲ့ NUG နဲ့ပေါင်းပြီး ဌာနေချင်းလက်နက်ကိုင်တွေ တိုက်ထုတ်နေချိန်မှာ ဘင်္ဂါလီတွေကလည်း သူတို့ကိုနှိမ်ပြီးဆက်ဆံတဲ့ ရခိုင်လက်နက်ကိုင် AA ကို အလိုမရှိကြောင်း ဆန္ဒပြလာတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဘင်္ဂလားဒေ့ရှ်က Dhaka Trubune က AA နဲ့ ARSA လက်နက်ကိုင်တွေဟာ ဘင်္ဂါလီဒုက္ခသည်တွေကို လူကုန်ကူးပြီး အကျိုးအမြတ်ရယူတယ်လို့ရေးသားအပြီးမှာ ဒီလိုမျိုး ဘင်္ဂါလီတွေရဲ့ ဆန္ဒပြမှုပါ ထွက်ပေါ်လာတာဖြစ်သလို ရသေ့တောင်ဒေသခံ ဘင်္ဂါလီ ၂၀၀၀ ကျော်က “AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ ဘူးသီးတောင်မြို့ကို ကာကွယ်ကြ၊ ကျွန်ုပ်တို့သည် ပြည်တွင်းစစ်ကိုမလိုလားပါ ၊ ဒီနေရာတွင် မည်သည့်စစ်ပွဲမှ မပြုလုပ်ရ” စတဲ့ ကြွေးကြော်သံတွေကို မြန်မာ/ဘင်္ဂါလီ နှစ်ဘာသာနဲ့ သံပြိုင်ကြွေးကြော်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

ပုံစာ။ ဘင်္ဂါလီများ ဖိနှိပ် လူကုန်ကူးနေသော AA လက်နက်ကိုင်များအား ဆန္ဒပြနေသည့်မြင်ကွင်း(Photo- Credit)

Leave a Reply

Your email address will not be published. Required fields are marked *