၁၅.၃.၂၀၂၄
Written by Thin Zar

ပဲခူးတိုင်း( အနောက်ခြမ်း)၊ လက်ပံတန်းမြို့၊ သရက်တောကျေးရွာနှင့်ရေငံကျေးရွာတို့တွင် ကျောင်းဆရာမတစ်ဦးအပါအဝင် ပြည်သူ ( ၅) ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်များမှာ မတ်လ (၁၄) ရက် ည ၈ နာရီဝန်းကျင်တွင် လက်ပံတန်းမြို့၊ ရေငံအုပ်စု၊ သရက်တောကျေးရွာ၌ နေထိုင်သည့် ရဲဝန်ထမ်းတစ်ဦး၏ ဖခင်ဟုဆိုသော အသက် ( ၅၂) နှစ်အရွယ် ဦးအောင်ဝင်းထွန်း၏ နေအိမ်သို့ PDF (၄) ဦးက ​မော်တော်ဆိုင် ကယ်၂ စီးဖြင့်ရောက်ရှိလာပြီး ဦးအောင်ဝင်းထွန်းအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

အလားတူ လက်ပံတန်းမြို့၊ ရေငံအုပ်စု၊ ရေငံကျေးရွာတွင် နေထိုင်သည့် အသက် ( ၅၀) နှစ်အရွယ် ( အ-ထ-က- မကျီးကွင်း) မှ ကျောင်းဆရာမတစ်ဦးဖြစ်သူ ဒေါ်သွယ်သွယ်ထွန်းကို သတ်ဖြတ်ပြီး၊ ၎င်း၏အမဖြစ်သူ အသက် ( ၅၂) နှစ်အရွယ် ဒေါ်ဝင်းမင်းသန်းကိုလည်း သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ထို့အပြင် ယနေ့ မတ်လ ၁၅ ရက် နံနက် ၅ နာရီခန့်အချိန်တွင် လက်ပံတန်းမြို့၊ ရေငံအုပ်စု၊ သရက်တော ကျေးရွာတွင်နေသည့် ရာအိမ်မှူးဟုဆိုသော အသက် (၆၄) နှစ်အရွယ် ဦးစိန်ဦးနှင့်ဇနီးဖြစ်သူ အသက် ( ၆၅) နှစ်အရွယ် ဒေါ်လှရီကိုလည်း နေအိမ်၌ PDF များမှ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

Photo -credit

Leave a Reply

Your email address will not be published. Required fields are marked *