၁၁.၃.၂၀၂၄
Written By Thandar

ပျော်ရွှင်ရယ်မောစရာ ဟာသဇာတ်လမ်းပုံစံ “ဟန်နီကယ်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကို ယနေ့ မတ်လ ၁၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

” ဒီဇာတ်ကားထဲမှာ တက်တူးဆရာ ကိုဇ နေရာကနေ ပါဝင်ထားပါတယ်။ ဇဆိုတဲ့အတိုင်း အချစ်နဲ့ဝေးရာမှာမနေဘဲ ချစ်သူနှစ်ယောက်ရှိတာပေါ့။ ပရိသတ်ကြည့်ရင် ရယ်မောရမှာပါ။ ပထမ “ဟန်နီကယ်” ဆိုတော့အရက်နာမည် ဘီယာနာမည်ထင်နေကြတာ။ တကယ်ကတော့ ဟန်နီက အမြဲတမ်း လိုက်ကယ်နေရလို့ ဟန်နီကယ်လို့ နာမည်ပေးထားတာပါ ” လို့ သရုပ်ဆောင် ခင်လှိုင်က ဆိုပါတယ်။

မုတ်သုံ ရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်လမ်း ညာလက်တော် ၊ ဇာတ်ညွှန်း မင်းကိုစိုး(နတ်သံကွင်း) ၊ တွဲဖက် ဒါရိုက်တာ အိ (အရုဏ်ဦး) ၊ ဒါရိုက်တာ အကယ်ဒမီ ကိုဇော် ( အရုဏ်ဦး ) က ၂၀၂၃ ခုနှစ်အတွင်းက ရန်ကုန်မြို့မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။

သရုပ်ဆောင်အနေနဲ့  တိုင်ရွန် ၊ ခင်လှိုင် ၊ အကယ်ဒမီ မေမြင့်မိုရ် ၊ လင်းလင်း ၊ ရွှေပုဏ္ဏမီကျော်၊ အထူး ဧည့်သည်သရုပ်ဆောင် အောင်ရဲလင်း နဲ့ ထူးအောင် တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“ဟန်နီကယ်” ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ ၁၅ ရက်မှာတော့ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *