၁၁.၃.၂၀၂၄
Written by Thinzar

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ တုံးချိုကျေးရွာတွင်နေထိုင်သည့် ကျောင်းအုပ်ဆရာကြီးကို PDF များမှ လက်ပြန်ကြိုးတုပ် ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၁၀ ရက် နေ့လည် ၂ နာရီကျော်တွင် တပ်ကုန်းမြို့နယ် မမစ(တပ်ကုန်း)၏ အနောက်ဘက် ၃၀ မိုင်ခန့်အကွာ တပ်ကုန်းမြို့နယ်၊ တုံးချိုကျေးရွာတွင် နေထိုင်သည့် တုံးချိုမူ/လွန်ကျောင်းအုပ်ကြီး ဦးဇင်မိုးထွန်းကို PDF အဖွဲ့က နေအိမ်မှဖမ်းဆီးခေါ်ဆောင်ပြီး ရွာလယ်လမ်းမအရောက်တွင် ဦးခေါင်းအား သေနတ်ဖြင့်တေ့ကာ ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ထိုသို့ PDF များ၏ လက်ပြန်ကြိုးတုပ်ကာ သေနတ်ဖြင့်ဦးခေါင်းကိုတေ့၍ ပစ်ခတ်ခံရသည့် အသက် ( ၃၆) နှစ်အရွယ် တုံးချိုမူ/လွန်ကျောင်းအုပ်ကြီး ဦးဇင်မိုးထွန်းမှာ အခင်းဖြစ်နေရာတွင် ဦးခေါင်းပွင့်ထွက်သေဆုံးသွားကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ အပါအဝင် နိုင်ငံ့ဝန်ထမ်း ၁၁၂၄ ဦး၊ ကျောင်းသားကျောင်းသူများ စသည့် ပြည်သူ ၆၈၈၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF၊ EAOs တို့၏ သတ်ဖြတ်မှုခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *