၁၁. ၃. ၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင် ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် အရက်မူးကာ ဆူပူသောင်းကျန်းနေသော ယောက်ဖကို တုတ်ဖြင့်ရိုက်သတ်မှု မတ်လ ၁၀ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ-ယောက်ဖဖြစ်သူ အသက် ၂၁ နှစ်အရွယ် ကိုခင်ညွန့်က အရက်​​သောက်စားကာ အော်ဟစ်ဆူပူသောင်းကျန်းနေသဖြင့် မျက်စောင်းထိုးတွင် နေထိုင်သော ယောက်ဖဖြစ်သူအသက် ၄၅ နှစ်အရွယ် ကိုဇော်က သွားရောက်တားမြစ်စဉ် စကားများ ရန်ဖြစ်ကြသည်။

ယင်းနောက် ကိုခင်ညွန့်က အရက်ထည့်သည့် ငါးကြင်းဖန်ခွက်ဖြင့် ပစ်ပေါက်ခဲ့သောကြောင့် လုံးထွေးသတ်ပုတ်စဉ် ကိုဇော်က လုံးပတ် (၉)လက်မခန့်၊ အလျား(၄)ပေခန့်ရှိ​သော ဝါးရင်းတုတ်ဖြင့် ကိုခင်ညွှန့်၏ ဦးခေါင်းနောက်စေ့ကို ရိုက်ရာမှ လဲကျသေဆုံးခဲ့ကြောင်း သိရသည်။

ဝါးရင်းတုတ်ဖြင့် အရိုက်ခံရသူ ကိုခင်ညွန့်တွင် ဘယ်ညာ မျက်ခုံးဖူးယောင် ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ကွဲအက် ဒဏ်ရာတို့ ရရှိကာ သေဆုံးခဲ့ပြီး ကိုဇော်တွင်လည်း ဘယ်ပါးပေါက်ပြဲဒဏ်ရာ ညာမျက်လုံးအောက် ပွန်းပဲ့ညိုမဲဒဏ်ရာနှင့် လည်ပင်းနာကျင်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ကိုဇော်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဖောင်​ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *