၉. ၃၂၀၂၄
Written by Thettant

ပြည်မြို့ ကမ်းနားလမ်းမှာရှိတဲ့ စည်ပင်ပိုင် ပြည်ဟိုတယ်အဟောင်းမီးလောင်မှု ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ မတ်လ ၉ ရက် မနက် ၁၁ နာရီခန့်အချိန်က ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်းမှာရှိတဲ့ ပြည်ဟိုတယ်အဟောင်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိတာကြောင့် ပြည်ခရိုင်/မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အရန်မီးသတ်စခန်းတွေက မီးငြှိမ်းသတ်ယာဉ်(၁၂)စီး၊ ပရဟိတအသင်းယာဉ်(၂)စီးတို့နဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာမှာ မနက် ၁၁ နာရီ မိနစ် ၂၀ အချိန် မီးငြိမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။

“မီးစလောင်တာက ၁၀ ခွဲလောက်ကလို့ သိရတယ်။ ဟိုတယ်ကလည်း အဟောင်းကြီးပါ။ ပျဥ်ထောင်လိုင်းခန်း နှစ်ခန်းတွဲ တောက်လျှောက်လောင်တာပေါ့။ ဘာကြောင့်လောင်တာလဲဆိုတာတော့ တာဝန်ရှိသူတွေ စိစစ်နေပါတယ်”လို့ ကူညီငြှိမ်းသတ်ပေးတဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီဟိုတယ်မီးလောင်မှုမှာ အမျိုးသားတစ်ဦး မီးသတ် ရေပိုက်ခေါင်းနဲ့ရိုက်မိတဲ့အတွက် ပုဂ္ဂလိကပြင်ပဆေးခန်းကို သွားရောက်ကူညီပေးခဲ့ရတယ်လို့လည်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည် – ပရဟိတပါရမီ) အဖွဲ့က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *