April 29, 2024

၉. ၃. ၂၀၂၄
Written by Nay Moe

NUG လက်အောက်ခံတပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၂ က တပ်စိတ်မှူးကိုပြည့်ဟာ သူ့ကိုပြန်မကြိုက်တဲ့ အမျိုးသမီးငယ်တစ်ဦးကို မိဘတွေရဲ့ ရှေ့မှာပဲ သေနတ်နဲ့ပစ်သတ်လိုက်တာနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ မိခင်ဖြစ်သူ ဒေါ်စန်းစန်းယုက NUG ထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ သခွတ္တောရွာက မယုမွန်ထက်ဆိုသူ အသက် ၂၀ ခန့် အမျိုးသမီးငယ်တစ်ဦးဟာ မန္တလေးမြို့မှာနေထိုင်တဲ့ လိင်တူချစ်သူအမျိုးသမီးနဲ့ ချစ်ကြိုက်နေတာဖြစ်ပြီး အဲဒီအမျိုးသမီးက သခွတ္တောရွာကိုလာတွေ့ချိန် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၄ နာရီလောက်မှာ ဝက်လက်မြိုနယ်တပ်ရင်း ၂ ရဲ့ တပ်စိတ်မှူး ကိုပြည့်က မယုမွန်ထက် နေအိမ်ရောက်လာပြီး “မိန်းမချင်းမကြိုက်ဘဲ သူ့ကိုပြန်ကြိုက်ဖို့ ပြောချိန်မှာ မိန်းကလေးငယ်က မကြိုက်နိုင်ကြောင်းပြောပြီး ခြံထဲက နှင်ထုတ်တာကြောင့် PDF တပ်စိတ်မှူးက လူအများရှိနေချိန် မိဘတွေနဲ့ လိင်တူချစ်သူအမျိုးသမီးရှေ့မှာပဲ မယုမွန်ထက်ကို သေနတ်နဲ့ ပစ်သတ်လိုက်တာကြောင့် ဖြစ်စဉ်နေရာတင် မယုမွန်ထက်က ပွဲချင်းပြီး သေဆုံးခဲ့တာပါ။

ဒါ့အပြင် လိင်တူချစ်သူအမျိုးသမီးကိုလည်း ပစ်သတ်ဖို ကြိုးစားခဲ့ပေမဲ့ ဝက်လက်မြိုနယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့- ၂ က PDF တွေ ရောက်လာပြီး လိင်တူချစ်သူအမျိုးသမီးကို ဖမ်းဆီးပြီး ကိုပြည့်ကို ပြန်လည်ခေါ်ဆောင်သွားတာကြောင့် အခင်းဖြစ်နေရာတင် နှစ်လောင်းပြိုင်သေတာမမြင်ရခဲ့တာလို ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ-၂ က ဒူချွန်စိုင်းသူ ဦးဆောင်တဲ့အဖွဲဖြစ်ပြီး PDF တပ်ဖွဲ့တွေမှာ နာမည်ပျက်အရှိဆုံးအဖွဲဖြစ်သလို ဝက်လက်ဒေသန္တရ PDF တွေကို မကြာခဏနှိပ်စက်သတ်ဖြတ် အနိုင်ကျင့်နေပြီး ၂၀၂၂ ခုနှစ် အတွင်းကလည်း ဗိုလ်ကျားကြီး LPDF အဖွဲကို ဖမ်းဆီးသတ်ဖြတ်လို ၂ ဦးသေဆုံးပြီး CDM ဆရာမတစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခဲ့ရတဲ့အပြင် GZ Special Task Force အဖွဲက LDF အဖွဲဝင်များစွာကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။ ဒီဖြစ်စဉ်တွေကို ပြည်သူတွေက NUG ထံ အကြိမ်ကြိမ် ဆန္ဒပြတိုင်ကြားပေမဲ့လည်း အရေးမယူတာကြောင့် သာမန်ပြည်သူအမျိုးသမီးကို မိဘရှေ့သတ်ဖြတ်တဲ့အထိပါ PDF တွေက အခြေအနေဆိုးလာခဲ့တာပါ။

လက်ရှိမှာ မယုမွန်ထက်ကို ဝက်လက် PDF တပ်စိတ်မှူးကိုပြည့်က လူအများရှေ့ လူမဆန်စွာ သတ်ဖြတ်တာနဲ့ ပတ်သက်တာကို မိခင်ဖြစ်သူ ဒေါ်စန်းစန်းယုက မတ်လ ၆ ရက်မှာ တိုင်ကြားထားပေမဲ့ NUG ဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးဘဲ နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *