◾ဒိုင်များတွင် ယခင်ဒိုင် တေးရေးမြင့်မိုးအောင်အစား Music Artist ဖီးဗီး ပါဝင်ဆောင်ရွက်ခဲ့

၃.၃.၂၀၂၄
Written By Thandar

လက်ရှိ ပရိသတ်စိတ်ဝင်စားမှု ရရှိနေတဲ့ Myanmar STAR သီချင်းဆိုပြိုင်ပွဲကြီးရဲ့Top 8 Result Show ပွဲကို ယနေ့ မတ်လ ၃ ရက် ည‌ပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Canvas Studio မှာကျင်းပခဲ့ရာ ပြိုင်ပွဲဝင် Rain La နဲ့ Sa Htung Phen Khee နှုတ်ဆက်အိမ်ပြန်ခဲ့ရပါတယ်။

အဆိုပါ Result Show ပြိုင်ပွဲအခမ်းအနားမှာတော့ အထူးဧည့်သည်အဆိုတော်အနေနဲ့ ဂျူဝယ် ပါဝင်သီဆိုခဲ့ပါတယ်။

Red Zone မှာတော့ နွေဦး ၊ စည်သူ ၊ Rain La ၊ Sa Htung Phen Khee တို့ပါဝင်ခဲ့ရာကနေ ၂ ဦး ပြန်လည်ရွေးချယ်ခဲ့ရာကနေ နွေဦး နဲ့ စည်သူတို့ပါဝင်ခဲ့ပါတယ်။ Save Zone မှာတော့ Solo ၊ Ehni Shine ၊ Le Len ၊ Ruth တို့ပါဝင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်တွေဖြစ်တဲ့ Rain La နဲ့ Sa Htung Phen Khee ကတော့ နှုတ်ဆက် အိမ်ပြန်ခဲ့ရတာဖြစ်ပါတယ်။

” ဆက်သွားမယ် ရပ်မနေဘူး။ သားတို့ နားမှာ ဆရာအမြဲတမ်းရှိတယ်။ ရှုံးတာမဟုတ်ဘူး။ ပြိုင်ပွဲတစ်ခုမဟုတ်ဘဲ သင်တန်းတစ်ခုကနေ စောစောစီးစီးအောင် လက်မှတ်ရပြီး အိမ်ပြန်ရတာပါ။ ဂီတမှာ အစိတ်အပိုင်းအမျိုးမျိုးရှိတယ်။ ဒီအထဲကမှ သားတို့ နှစ်ယောက်လုံး ထူးချွန်တဲ့ ဂုဏ်ထူးလက်မှတ်နဲ့ အိမ်ပြန်ရတာ အဲ့လိုပဲမြင်ပါတယ်” လို့ ဒိုင်တစ်ဦးဖြစ်တဲ့ စောခူဆဲက ပြောပါတယ်။

အဆိုပါ ပြိုင်ပွဲမှာတော့ Final Round ကို တက်လှမ်းမယ့် ပြိုင်ပွဲဝင် ၆ ဦးကတော့ Ehni Shine ၊ Le Len ၊ Ruth ၊ နွေဦးနဲ့ စည်သူတို့က တက်လှမ်းခွင့်ရရှိခဲ့တာပါ။

ဒိုင်တွေအနေနဲ့ ယခင်အပတ်စဉ်တွေမှာတော့ တေးရေး မြင့်မိုးအောင် ၊ တေးသံရှင် ရေဗက္ကာဝင်း နဲ့ တေးရေး စောခူဆဲ တို့က ပါဝင်ဆောင်ရွက်ခဲ့ပြီးတော့ ယခုအပတ်မှာတော့ တေးရေးမြင့်မိုးအောင်နေရာမှာ ဒိုင်အနေနဲ့ Music Artist ဖီးဗီး ပါဝင်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။

Myanmar Star Grand Final ကိုတော့ လာမယ့် မတ်လ ၂၃ ရက်မှာ ကျင်းပမှာဖြစ်ပြီးတော့ Winner ဆုကို ကျပ်သိန်း ‌၁၀၀၀ ၊ 1st Runner Up ဆုကို ကျပ်သိန်း ၃၀၀ နဲ့ 2nd Runner Up ဆုကို ကျပ် သိန်း ၁၀၀ ပေးအပ်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *