၃.၃.၂၀၂၄
Written By Thandar

စာရေးဆရာမ လွန်းထားထားရဲ့ နာမည်ကြီးဝတ္ထုကို ပြန်လည်ပုံဖော်ရိုက်ကူးထားတဲ့ သုံးပွင်ဆိုင်အချစ် ဇာတ်လမ်းပုံစံ “သံယောဇဉ်တွေသာ ကျည်ဆံတွေဖြစ်ခဲ့ရင်” ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို ယနေ့ မတ် ၃ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်မြှင့်တင်ရေးရုံး (Studio -1)မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်က ဒီထဲမှာတော့ အိမ်ထောင်ရှိတဲ့ လူငယ်တစ်ယောက်ဖြစ်တယ်။ မိန်းမက အရမ်းချစ်ပြီး သဝန်တိုတယ်။ ချုပ်ချယ်တာကို ခံရတဲ့ စိတ်မွန်းကြပ်နေရတဲ့ လူငယ်တစ်ယောက်ပုံစံမျိုး ပါဝင်ထားတာပါ။ ဒီကားက လွန်ခဲ့တဲ့ ၇ နှစ်လောက်က ရိုက်ကူးထားတာပါ။ ဒီကာရိုက်တာက အရမ်းကို ကွဲထွက်ပြီး ထူးခြားတဲ့ ပုံစံလည်းမဟုတ်ဘူး။ ပုံမှန်ကာရိုက်တာမျိုးလောက်ပဲဆိုတော့ ဒါရိုက်တာမီးပွားရဲ့ သင်ပြမှုတွေနဲ့ အကောင်းဆုံး ကြိုးစားပြီး ပုံဖော်ထားပါတယ်။ ကျွန်တော့်အတွက်ကတော့ နာမည်ကြီး ဝတ္ထုပဲဖြစ်ဖြစ်၊ဘယ်လို ဝတ္ထုမျိုးကိုပဲ ရိုက်ရိုက်ပါ။ ကျွန်တော်ကြိုးစားပြီး ရိုက်ပါတယ် ” လို့ သရုပ်ဆောင် ဟိန်းဝေယံက ပြောပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ဟိန်းဝေယံ၊ မြတ်မှူးခင်၊ အကယ်ဒမီ စိုးပြည့်သဇင်၊ ဧည့်သည်သရုပ်ဆောင် ရဲအောင်နဲ့ အနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“သံယောဇဉ်တွေသာ ကျည်ဆံတွေဖြစ်ခဲ့ရင်” ရုပ်ရှင်ဇာတ်ကားကို လာမယ့် မတ် ၁၅ ရက်မှာ တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *