၃.၃.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒသကြီး ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊အမှတ် (၂၉)ရပ်ကွက် သခင်ဗဟိန်းလမ်းတွင် ယနေ့ (မတ်လ ၃ ရက်) နံနက် ၈ နာရီ ၂၇ မိနစ်ခန့်က နှစ်ထပ်တိုက်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ အလျား၂၀ ပေ ၊အနံ ၄၀ ပေ သွပ်မိုး အုတ်ညှပ် နှစ်ထပ်နေအိမ်၏ အိပ်ခန်းတွင် Aircon ဖွင့်ထားစဥ် Safe Guard အပူလွန်ကဲပြီး အနီးရှိအဝတ်ဗီရိုပေါ်သို့ မီးပွားကျ၍ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ ၁၀ မိနစ်ကျော်လောင်ကျွမ်းခဲ့ပြီး နေအိမ်အိပ်ခန်း၊ Aircon ၊ အဝတ်ဗီရို၊ ရေခဲသေတ္တာနှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည်။

နေအိမ်မီးလောင်မှုကြောင့် အသက် ၃၉ နှစ်အရွယ် အမျိုးသားကို ပုဒ်မ၂၈၅ ဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *