၃. ၃. ၂၀၂၄
Written by Nay Aung

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း အရှေ့တောင်အာရှ နိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်အများဆုံး သုံးစွဲခဲ့သောနိုင်ငံများစာရင်း၌ အဆင့် ၇ နေရာသာ ရပ်တည်နေကြောင်း Low Institute အဖွဲ့၏ သတ်မှတ်ဖော်ပြချက်များအရ သိရသည်။

အဆိုပါအဖွဲ့သည် Asia Power Index 2023 အညွန်းကိန်းကို ထုတ်ပြန်ခဲ့ရာတွင် မြန်မာနိုင်ငံက အာဆီယံတွင် ကာကွယ်ရေးအသုံးစရိတ် အများဆုံးသုံးစွဲသောနိုင်ငံများစာရင်း၌ စင်ကာပူ၊ အင်ဒိုနိးရှား၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့နောက် ရပ်တည်နေခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်တွင် ကာကွယ် ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၀ ဘီလျံသုံးစွဲခဲ့ကြောင်း Low Institute အဖွဲ့က ဖော်ပြသောအညွှန်းကိန်းတွင်ဖော်ပြထားသည်။ အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများအနက် စင်ကာပူနိုင်ငံသည်၂၀၂၃ ခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်အများဆုံးသုံးစွဲသောနိုင်ငံအဖြစ် ထိပ်ဆုံး၌ရပ်တည်နေခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံသုံးစွဲခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း အရှေ့တောင်အာရှနိုင်ငံများတွင် ထိုင်းနိုင်ငံက ကာကွယ်ရေးအသုံးစရိတ် ၇ ဒသမ ၄၄ဘီလျံ၊ အင်ဒိုနီးရှားနိုင်ငံက ကာကွယ်ရေးအသုံးစရိတ် ၁၀ ဒသမ ၁ ဘီလျံ၊ ဗီယက်နမ်က ၇ ဒသမ ၂၁ ဘီလျံ အသုံးပြုခဲ့ကြောင်းသိရသည်။ လာအိုနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများထဲ ကာကွယ်ရေးအသုံးစရိတ် အနည်းဆုံးသုံးစွဲသောနိုင်ငံအဖြစ် အောက်ဆုံးတွင် ရပ်တည်နေကြောင်း သိရပြီး မြန်မာနိုင်ငံသည် လာအို၊ ကမ္ဘောဒီးယား၊ ဘရူးနိုင်းနိုင်ငံတို့ထက် ကာကွယ်ရေးအသုံးစရိတ် ပိုမိုသုံးစွဲနိုင်ခဲ့ကြောင်း သိရသည်။

Ref . Lowy Institute

Leave a Reply

Your email address will not be published. Required fields are marked *