၃ . ၃ .၂၀၂၄
Written by MMAK

◾ မန်စီးတီး Vs မန်ယူ

Super Sunday ညရဲ့ အကောင်းဆုံးပွဲစဉ်ဖြစ်သလို တစ်ကမ္ဘာလုံး စိတ်ဝင်တစား အားပေးကြည့်ရှူတဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီပွဲစဉ် ဖြစ်ပါတယ်။ ခုချိန်မှာ မန်စီးတီးအသင်းရဲ့ ခြေစွမ်းကပိုသာသလို ထိပ်တိုက်တွေ့ဆုံမှုတိုင်းလည်း အသာရခဲ့တာများပါတယ်။ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ မန်ယူ အနိုင်ရဖို့ မလွယ်သလို ဂိုးပြတ်မရှုံးအောင်သာ ကြိုးစားကစားရမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းက ဘော်ဒီကြေး နှစ်လုံး ငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ခြောက်ဆယ်အရှုံးဖြစ်ပါတယ်။ မန်စီးတီးအသင်း ဘော်ဒီကြေး တက်လာပေမဲ့ ဂိုးပေါင်းကြေးသိသိသာသာ လျော့ကျလာတာကို တွေ့ရပါတယ်။ ဂိုးပေါင်းကြေး ကျလာပုံအရ မန်ယူအသင်းရဲ့ တိုက်စစ်မှာ အန်တိုနီနဲ့ ရက်ဖို့ ခြေစွမ်းမပြနိုင်ချိန် ဟွိုင်လန်းသာမပါဝင်နိုင်သေးဘူးဆို မန်ယူအသင်း ဂိုးရဖို့ ခက်ခဲနိုင်တယ်လို့ သုံးသပ်လို့ရပါတယ်။ ပရီးမီးယားလိဂ်ဖလား လမ်းကြောင်းပေါ်မှာ ရှိနေဖို့ အတွက်ဆို မန်စီးတီးအသင်းအနေနဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ လုံးဝအမှားခံလို့မရပါဘူး။ ခါးသီးပြိုင်ဘက် မန်ယူအသင်းကို အိမ်ကွင်းမှာ အနိုင်ကန်မှာ ဖြစ်ပေမဲ့ ကြေးအောင်ပါ့မလား ဆိုတာ အဓိကစဉ်းစားရမဲ့ အချက်ဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာ အဓိကကစားသမားတွေ အစုံအလင် ကစားနိုင်ပေမဲ့ မန်ယူအသင်းမှာ ဟွိုင်လန်း ၊ မက်ဂွိုင်းယားနဲ့ ဘယ်စွန်နောက်တန်းကစားသမား နှစ်ယောက်လုံး မပါနိုင်ပါဘူး။ နှစ်ဂိုးသွင်းမှ ပြားငါးဆယ်သာ စားရမယ်ဆိုပေမဲ့ မန်စီးတီးအသင်း အိမ်ကွင်းအီတီဟတ်မှာ နှစ်ဂိုးပြတ်နိုင်အောင် ကန်နိုင်ပါတယ်။ မန်ချက်စတာဟာ အပြာရောင်ဖြစ်တယ်ဆိုတာ သက်သေပြမှာမို့ မန်စီးတီးကို ရွေးချယ်ရပါလိမ့်မယ်။

◾ ဘန်လေ Vs ဘုန်းမောက်

တန်ဆင်းဇုန်က ဘန်လေအသင်း အိမ်ကွင်းပွဲတွေမှာဆို အသင်းကြီးမရှောင် အသင်းလတ်မရှောင် ဖွင့်ကစားပြီး ဂိုးတွေ အလှူပေးနေတဲ့ အသင်းဖြစ်နေပါတယ်။ ဘုန်းမောက်ကလည်း တိုက်စစ် ဖွင့်ကစားတတ်တဲ့ အသင်းမျိုးဖြစ်ပြီး အိမ်ရှင်ဘန်လေကို တိုက်စစ်ချင်းယှဉ်ကစားလာမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အဝေးကွင်း ဘုန်းမောက်က ပြားကိုးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး လေးဆယ်စားဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ အသင်းငယ်လေးတွေဖြစ်ပေမဲ့ သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်စစ်ချင်းယှဉ်ကစားပြီး တကယ်ကြည့်ကောင်းမဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ နှစ်သင်းလုံး အနိုင်ရလဒ်အတွက် ဦးတည်ကစားပြီး သွင်းဂိုးတွေရဖို့ တိုက်စစ်ဖွင့်ကစားပါလိမ့်မယ်။ တစ်ဖက်တစ်ဂိုးစီသေချာနေလို့ ဂိုးပေါ်တစ်ကြောင်းကို ဒီညရဲ့ စိတ်ကြိုက်အဖြစ်ဆုံး ပွဲစဉ်အဖြစ် ရွေးချယ်ပေးချင်းပြီး ဘုန်းမောက်အသင်းဘော်ဒီကိုပါ ထပ်မံရွေးချယ်ပေးချင်ပါတယ်။

◾ ဘီဘာအို Vs ဘာစီလိုနာ

မနေ့ညက ကန်သွားတဲ့ ဗလင်စီယာနဲ့ ရီးရဲတ်ို့ပွဲစဉ်မှာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်မဟုတ်ဘဲ သိသိသာသာကြီးကို ဒိုင်ရယ် ဘွတ်ကီရယ် လာလီဂါ ဘုတ်အဖွဲ့ရယ် အားလုံးပေါင်းပြီး ရီးရဲကို အမှတ်လျော့အောင်လုပ်ခဲ့ပြီး လာလီဂါအမှတ်ပေးဖလားကို ကြည့်ကောင်းအောင် ဆွဲခေါ်သွားတာ တွေ့ရပါတယ်။ ဒီပွဲမှာ ဘာစီလိုနာ အဝေးကွင်းကနေ ကြေးပါးပါးလေး ပြားနှစ်ဆယ်လောက်သာ ပေးထားပါတယ်။ ဘီဘာအိုရဲ့ အိမ်ကွင်းဖြစ်ပြီး လက်ရှိခြေစွမ်းအရဆို ဘာစီလိုနာကို ရဲရဲကြီး ဆန့်ကျင်ရဲပါတယ်။ သို့ပေမဲ့ ဒီပွဲမှာ ပွဲစီစဉ်သူတွေအနေနဲ့ ဒီပွဲကို ကြိုးကိုင်ကစားတော့မယ်လို့ ထင်နေပါတယ်။ အိမ်ကွင်းမှာ ဘီဘာအို ဘယ်လောက်ကောင်းကောင်း ဘာစီလိုနာဘက်မှာ စီစဉ်သူအားလုံး ရှိနေမယ်ဆို ဘာစီလိုနာ အသာရသွားပါလိမ့်မယ်။ ပြားနှစ်ဆယ်လောက်ရင်းပြီး ဘာစီလိုနာကိုရွေးပါ။ ဘာစီလိုနာ မရှုံးပါဘူး သရေနဲ့ အနိုင်ပါ။

◾ ဟော့ဖန်ဟိမ်း Vs ဝါဒါဘရီမင်

အမှတ်ပေးဇယား ထိပ်ပိုင်းမှာ အထက်အောက် ရပ်တည်နေတဲ့ အသင်းနှစ်ဖြစ်ပြီး ရမှတ်တူ ဂိုးကွာခြားကြောင့် အိမ်ရှင်ဟော့ဖန်ဟ်ိမ်းက အထက်ကရပ်တည်နေပါတယ်။ ဂျာမာန်ဘွန်ဒက်လီဂါ ထုံးစံအတိုင်း သွင်းဂိုးတွေ အများအပြား မြင်ရတဲ့လိဂ်ဖြစ်သလို သူတို့နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုတိုင်း အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်ထားတာဖြစ်ပါတယ်။ အိမ်ရှင်ဟော့ဖန်ဟိမ်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေဖြစ်ပါတယ်။ နောက်ရာသီ ဥရောပဝင်ခွင့် တစ်နေရာရဖို့အတွက် သူတို့အထက်က အသင်းတွေကို အမှီလိုက်ဖို့အတွက်ဆို အနိုင်သုံးမှတ်ရထားဖို့လိုပြီး အနိုင်အရှုံးပေါ်အောင် တိုက်စစ်ဖွင့်ကစားကြမယ်ထင်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတိုင်း အနိမ့်ဆုံး သုံးဂိုးလောက်ထိ တွေ့မြင်နေကျဖြစ်သလို ဒီပွဲစဉ်မှာလည်း အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ရှိတာကြောင့် ဂိုးပေါ်တစ်ကြောင်းတည်း ရွေးချယ်ပေးချင်ပါတယ် ။

◾ အတ္တလန်တာ Vs ဘိုလော့နာ

နှစ်သင်းလုံး စီရီးအေမှာ ပုံစံကောင်းပြနေတဲ့ နှစ်သင်းဖြစ်ပြီး ကြေးတွေဆက်တိုက်အောင်ခဲ့တဲ့ အိမ်ရှင် အတ္တလန်တာအသင်း ပြီးခဲ့တဲ့အပတ် အင်တာနဲ့ပွဲမှာ ကြေးကျခဲ့ပါတယ်။ နောက်ဆုံးခုနှစ်ပွဲဆက် ကြေးအောင်ထားတဲ့ ဘိုလော့နာ ကြေးပြန်ကျရမဲ့ပွဲဟာ ဒီပွဲဖြစ်လာနိုင်ပါတယ်။ အိမ်ရှင်အတ္တလန်တာအနေနဲ့ ဒီပွဲကို နိုင်ခဲ့မယ်ဆို ဘိုလော့နာရဲ့ အထက်ကို ရောက်လာမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။ ဘိုလော့နာ ခြေစွမ်းကောင်းတာ ဖြစ်ပေမဲ့ အိမ်ရှင် အတ္တလန်တာရဲ့ကစားပုံနဲ့ တိုက်စစ်ကပိုကောင်းပါတယ်။ ဒီပွဲအနိုင်ရဖို့ အတ္တလန်တာ အသည်းအသန် ကြိုးစားလာမှာ ဖြစ်သလို ဘိုလော့နာအနေနဲ့ကလည်း ကြေးကျချိန် တန်နေတာဖြစ်ပါတယ်။ ဘိုလော့နာ ခြေစွမ်းကောင်းနေတာ မှန်ပေမဲ့ နောက်ရာသီချန်ပီယံလိဂ်ကန်ဖို့အထိတော့ မထိုက်တန်သေးပါဘူး။ ဒါကြောင့် အဖက်ဖက်က တိုက်ဆိုင်နေသလို အိမ်ကွင်းမှာ အနိုင်ကန်လာမဲ့ အတ္တလန်တာကို ရွေးချယ်ပေးချင်ပါတယ်။

◾ဖရိုစီနိုနီ Vs လက်ချီ

ဖရိုစီနိုနီရဲ့ အိမ်ကွင်းတိုက်စစ်နဲ့ ကစားအားတော်တော်လေး ကောင်းတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ် ဂျူဗင်တပ်နဲ့ အဝေးကွင်းပွဲစဉ်မှာ ကောင်းမွန်တဲ့ ကစားပုံကို တွေ့ခဲ့ရပါတယ်။ ဂျူဗင်တပ်အသင်းနဲ့ပွဲစဉ်မှာ ကြေးအောင်ခဲ့တယ် ဆိုပေမဲ့ နောက်ဆုံးလေးပွဲဆက် တစ်မှတ်မှမရဘဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ လက်ချီအသင်း နောက်ဆုံးသုံးပွဲဆက် ရှုံးနိမ့်ထားသလို အဝေးကွင်းနိုင်ပွဲ လုံးဝမရသေးဘဲ တိုက်စစ်ကလဲ ဆယ့်သုံးပွဲမှာ ကိုးဂိုးသာ သွင်းထားနိုင်တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အိမ်ရှင် ဖရိုစီနိုနီအသင်းက ပြားလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံး အရှုံးဖြစ်ပါတယ်။ အိမ်ကွင်းပွဲစဉ်တွေမှာ အမှတ်ယူတတ်တဲ့ ဖရိုစီနိုနီအသင်းအနေနဲ့ တန်းရုန်းပြိုင်ဘက် လက်ချီအသင်းကို အနိုင်ရဖို့ အသည်းအသန်ကြိုးစားလာမှာ သေချာပါတယ်။ အဝေးကွင်းနိုင်ပွဲ တစ်ပွဲမှ မရသေးတဲ့ လက်ချီအသင်း အနိုင်ရသွားမယ်လို့ မထင်ပါဘူး ။ နိုင်ပွဲပြန်လည်ဖော်ဆောင်လာမဲ့ အိမ်ရှင် ဖရိုစီနိုနီအသင်းကို ပြားလေးဆယ်ရင်းပြီး ကြည့်ရမဲ့ပွဲပါ။

Leave a Reply

Your email address will not be published. Required fields are marked *