၁. ၃. ၂၀၂၄
Written by Tha Doe

Red Ruby နဲ့ Premium Gold စီးကရက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ Virginia Tobacco ကုမ္ပဏီဟာ လူမွဲခံယူခြင်းဆိုင်ရာဥပဒေနဲ့အညီ စာရင်းရှင်းလင်းဖျက်သိမ်းနေတယ်လို့ သိရပါတယ်။

Virginia Tobacco ကုမ္ပဏီဟာ ဖေဖော်ဝါရီ ၂၉ ရက်မှာ ရှယ်ယာရှင်တွေရဲ့ ဆန္ဒအလျောက် လူမွဲခံယူခြင်းဆိုင်ရာဥပဒေနဲ့အညီ စာရင်းရှင်းလင်းဖျက်သိမ်းဖို့နဲ့ ဝင်းအတိုင်ပင်ခံလီမိတတ်က ဒုဥက္ကဋ္ဌဦးမိုးကျော်ကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ထားတယ်လို့ သိရပါတယ်။

ပြည်တွင်းဈေးကွက်မှာ အရောင်းရဆုံး စီးကရက်အမှတ်တံဆိပ်စာရင်းမှာ ပါဝင်ခဲ့တဲ့ Red Ruby နဲ့ Premium Gold ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ Virginia Tobacco ကုမ္ပဏီဟာ မြန်မာ့စီးပွားရေးဦးပိုင်က ၅၁ ရာခိုင်နှုန်းနဲ့ စင်ကာပူကုမ္ပဏီ RMHS က ၄၉ ရာခိုင်နှုန်း ပူးပေါင်းလုပ်ကိုင်နေတဲ့ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News