၁. ၃. ၂၀၂၄
Written By Thandar

ဆရာ ဆောင်းဝင်းလတ်နဲ့ အောင်သျှန်ဝိုင်းတို့ရဲ့ ငယ်ပေါင်းနှစ်ယောက် Two Companions Art Exhibition ပြပွဲကို ယနေ့ ‌မတ်လ ၁ ရက်ကနေ ၃ ရက်နေ့အထိ ရန်ကုန်မြို့က Anawrahta Art Gallery မှာ ကျင်းပနေပါတယ်။

“ငယ်ပေါင်းဆိုပြီး‌ပေးပေမယ့် စီနီယာနဲ့ ဂျူနီယာပါ။ ရင်းနှီးကျွမ်းဝင်ခဲ့တာ နှစ်ပေါင်း ၄၀‌ ရှိပြီပေါ့နော်။ ငယ်ပေါင်းနှစ်ယောက်ပေးဖြစ်တာက ဆရာဆောင်းဝင်းလတ်ပေးတဲ့နာမည်ပါ။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကစပြီး ပန်းချီစဆွဲခဲ့တာပါ။ ပထမတော့ ဒေါက်တာနီလာသိန်းနဲ့ မဂျူးရယ် အတူပြသဖို့စီစဉ်ခဲ့တာပါ။ အလုပ်တွေရှုပ်နေတော့ မလုပ်ဖြစ်တော့တာပါ။ ဆရာဆောင်းဝင်းလတ်နဲ့အတူ ပြသဖြစ်သွားတာပါ” လို့ အောင်သျှန်ဝိုင်း(ကျိုက်မရော)က MT Entertainment ကို ပြောပါတယ်။

ဒီပြပွဲမှာတော့ တစ်ဦးကို ပန်းချီကား ၂၅ ကားနဲ့ ပန်းချီကားပေါင်း ၅၀ ကို ၃ ရက်တိုင်တိုင် နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ခင်းကျင်းပြသမှာဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားမှာတော့ စာရေးဆရာဖြစ်တဲ့ ဟိန်းလတ်၊ မောင်သွေးသစ်၊ အောင်ဇင်မင်း၊ ဂီတမှူးနိုင်ဇော်၊ ပန်းချီတင်ထွန်း စတဲ့သူတွေတက်ရောက်ခဲ့ပြီး မုဒိတာစကားပြောကြားခဲ့ကာ သာယာနာပျော်ဖွယ် တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။ ဆရာနှစ်ယောက်လုံးကတော့ စာပေလောကမှာရော စာအုပ်တွေထွက်ရှိထားသလို နယ်ပယ်အသီးသီးမှာ အောင်မြင်မှု ရရှိထားသူတွေလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *