၂၉.၂.၂၀၂၄
Written by KL

ရန်ကုန်တိုင်း​​ဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာ၊ ဩဘာလမ်းတွင် ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်က နေအိမ် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အဘွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ သွပ်မိုး၊ ပျဥ်ကာ ၊ ပျဥ်ခင်းနေအိမ်တွင် ဖ​ယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ ဖယောင်တိုင်လဲကျပြီး အောက်ရှိပျဥ်ခင်းအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် လေဖြတ်ဝေဒနာရှင် အသက် ၉၀ အရွယ် အဘွားအိုတစ်ဦး မီးလောင်သေဆုံးပြီး ၊အဘွား၏ သားဖြစ်သူမှာ ဘယ်ဘက်လက်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် နေအိမ်တစ်လုံး၊ မီးဖိုချောင်သုံးပစ္စည်း၊ စောင် ၊ခြင်ထောင်၊ မွေ့ယာတို့ မီးလောင်ဆုံးရှုံးခဲ့သဖြင့် အသက် ၉၀ အရွယ် အဘွားအိုကို မှော်ဘီမြို့မရဲစခန်းက ပုဒ်မ ၃၀၄(က)၊ ပုဒ်မ၂၈၅၊ ပုဒ်မ ၃၃၈ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်ကို မီးငြှိမ်းသတ်ယာဥ် ၄ စီး၊အထောက် အကူပြုယာဥ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၄၈ ဦး၊ တပ်မတော်သား ၂၂ ဦးတို့ဖြင့် မိနစ် ၃၀ နီးပါး ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *