၂၉. ၂. ၂၀၂၄
Written by Nay Aung

မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း အာဆီယံဒေသတွင်းနိုင်ငံများ၏ ပြည်ပနိုင်ငံများသို့ ကျောင်းတက်ပညာသင်လေ့လာမှုအများဆုံး နိုင်ငံများစာရင်း၌ အဆင့် ၇ နေရာသာ ရပ်တည်နေကြောင်း UNESCO Institute အဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

အဆိုပါ အဖွဲ့သည် အာဆီယံနိုင်ငံများမှ ကျောင်းသားများ ပြည်ပနိုင်ငံများသို့ သွားရောက်ပညာသင်ကြားမှုများကို လေ့လာတွက်ချက်ခဲ့ပြီးနောက် ဖော်ပြခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံသား ၁၂၆၂၈ဦး ပြည်ပနိုင်ငံများသို့ ကျောင်းတက်၊ ပညာသင်လေ့လာမှုများလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

အာဆီယံဒေသေတွင်းနိုင်ငံများအနက် ၂၀၂၄ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ကျောင်းသွားရောက်တက်ရောက်သူ အများဆုံးနိုင်ငံများစာရင်းတွင် ဗီယက်နမ်နိုင်ငံက ထိပ်ဆုံးတွင်ရှိနေပြီး ဗီယက်နမ်နိုင်ငံသား ၁၃၇၀၂၂၂ ဦး ကျောင်းသွားတက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့က ထိပ်ဆုံး ၅ နိုင်ငံစာရင်းတွင် ပါဝင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသား ၅၉၂၂၄ ဦး၊ မလေးရှားနိုင်ငံသား ၄၈၈၁၀ ဦး၊ ထိုင်းနိုင်ငံက၂၈၆၀၉ ဦး၊ ဖိလစ်ပိုင်နိုင်ငံက ၂၆၂၁၉ ဦးခန့် ပြည်ပသို့သွားရောက်ကာ ကျောင်းတက်ပညာသင်ခြင်းများရှိနေကြောင်း သိရသည်။

အာဆီယံဒေသတွင်းနိုင်ငံများအနက် ဘရူးနိုင်းနိုင်ငံသည် ပြည်ပသို့ ကျောင်းသွားတက်ရောက်နေသူအနည်းဆုံးနိုင်ငံဖြစ်နေပြီး ဘရူးနိုင်းနိုင်ငံသား ၂၁၉၀ ဦးသာ ပြည်ပသို့ကျောင်းသွားတက်ရောက်ခဲ့ကြောင်းသိရသည်။

Ref seasia

Leave a Reply

Your email address will not be published. Required fields are marked *