၂၉. ၂. ၂၀၂၄
Written by Nay Moe

ထားဝယ်တက္ကသိုလ်က ဒုတိယပါမောက္ခချုပ်အပါအဝင် ဆရာဆရာမသုံးဦးကို ဖမ်းဆီးခဲ့တာမှန်ကန်တယ်လို့ ဒေသတွင်းလက်နက်ကိုင် ဗထူးတပ်မတော်(BHA) PDF အဖွဲ့က ဝန်ခံချက်ထုတ်ပြန်ထားပါတယ်။

BHA အဖွဲ့က ၂၀၂၃ ဇန်နဝါရီမှာ ဗထူးစစ်ကြောင်းဆိုပြီး ဖွဲ့စည်းရာက ၂၀၂၄ ဇန်နဝါရီမှာ ဗထူးတပ်မတော်အမည်ခံလာခဲ့ပြီး ဆရာ၊ ဆရာမတွေဓားစာခံဖမ်းဆီးလာတာဖြစ်သလို ဒီလိုမဖမ်းခင်မှာ တပ်မတော်ရဲ့ကာကင်းစခန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကိုလည်းတိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်ငါးဦးသေတယ်ပြောသလို MA 3 နှစ်လက်၊ ကျည်ဘောက် ခြောက်ခုအပါအဝင် တခြားလက်နက်ခဲယမ်းတွေ လုယက်နိုင်ခဲ့တယ်လည်း ပြောပါတယ်။

ချင်း PDF တွေ ဖမ်းဆီးသွားတဲ့ ကလေးတက္ကသိုလ်က ဖမ်းဆီးခံ ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူ ၁၄၀ ကျော်ကို မကယ်တင်နိုင်သေးခင်မှာဘဲ ထားဝယ်နည်းပညာတက္ကသိုလ်က ဆရာ၊ ဆရာမတွေကို PDF တွေက ထပ်မံဖမ်းဆီးမှုဖြစ်စဥ် ဖြစ်ပွားခဲ့တာဖြစ်ပြီး BHA ဖမ်းဆီးထားတဲ့ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်​​အောင်၊ အင်္ဂလိပ်စာဌာနမှူး ပါမောက္ခ ဒေါ်စုစုလတ်နဲ့ မြို့ပြအင်ဂျင်နီယာဌာနမှူး ပါမောက္ခ ဒေါ်နန္ဒာလွင်တို့ကို စစ်ကျွန်ပညာရေးအသက်သွင်းပေးနေတဲ့ Non-CDM ဝန်ထမ်းမို့လို့ ဖမ်းတယ်လို့လည်း BHA က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း ကယား PDF တွေက လွိုင်ကော်တက္ကသိုလ်ကို စီးနင်းကာ ပါမောက္ခချုပ်နဲ့ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူ ၃၀၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်မှုပြုလုပ်ခဲ့လို့ လွိုင်ကော်တက္ကသိုလ်ဟာ ဒီနေ့အထိ ပိတ်ထားရပြီး ကယားပြည်နယ်က ကျောင်းသားကျောင်းသူတွေရဲ့ ပညာသင်ခွင့်ဆုံးရှုံးနေရပြီး ကလေးတက္ကသိုလ်က ချင်း PDF တွေလက်ချက်ကြောင့် ဆရာ၊ ဆရာမ ၁၄၀ ကျော် ဖမ်းဆီးခံရလို့ ပညာသင်ကြားပေးမှု ထပ်မံရပ်တန့်ခဲ့ရသလို အခု ထားဝယ်နည်းပညာတက္ကသိုလ်ကလည်း ထားဝယ် PDF တွေကြောင့် ပညာသင်ကြားမှုရပ်ဆိုင်းရမဲ့အခြေအနေမျိုးဖြစ်လာပါတယ်။

ပုံစာ။ BHA ထုတ်ပြန်ချက်နှင့် BHA လက်နက်ကိုင်များပုံရိပ်။

Leave a Reply

Your email address will not be published. Required fields are marked *