၂၈. ၂. ၂၀၂၄
Written by Thettant

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် မှန်ပင်ကျေးရွာနေအသက် ၇၄ နှစ်အရွယ် အဘိုးအိုတစ်ဦးဟာ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၅ နာရီခွဲ အချိန်ခန့်က ဆည်တော်ချောင်းမကြီးမှာ ရေဆင်းချိုးရာက ရေနစ်ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။

ဒါကြောင့် ပျောက်ဆုံး အဘိုးအို ရုပ်အလောင်းကို ရေငုပ်ရှာဖွေပေးဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)ရဲ့ Myanmar Rescue Diver Team ဆီကို ကာယကံရှင် မိသားစုဝင်တွေက ဆက်သွယ်အကူအညီတောင်းခံချက်အရ ဒီနေ့လယ် ၁၂ နာရီအချိန်ခန့်က မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း ကော်မတီ)တိုင်းကော်မတီရုံးက ရေငုပ်သမားတွေပါဝင်တဲ့ ရေငုပ် ရှာ‌ဖွေ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေက သွားရောက် ရှာဖွေပေးခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမျိုး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)ရဲ့ Myanmar Rescue Diver Team က ရိုးရာတင်မြောက်မှုတွေနဲ့ ရှာဖွေရာမှာ နာရီဝက်အတွင်း နစ်မြုပ် ပျောက်ဆုံးရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) က သိရပါတယ်။

ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး)

Leave a Reply

Your email address will not be published. Required fields are marked *