၂၈. ၂. ၂၀၂၄
Written by Nay Moe

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်က Mytel ကုမ္ပဏီရုံးချုပ်ကို ဒီ ညနေပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army PDF အဖွဲ့က ပြောပါတယ်။

ဖြစ်စဥ်က ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၆ နာရီခန့်မှာ ဒဂုံမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်၊ တိရစ္ဆာန်ဥယျာဥ်အနီးက MyTel ကုမ္ပဏီ ရုံးချုပ်ကို အ​နောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နဲ့ Yangon Army (YA) တို့​ပူးပေါင်းပြီး ပြင်းအားမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တာဖြစ်သလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်သွားတယ် ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်တဲ့ မီဒီယာတွေမှာ ပေါက်ကွဲမှုမရှိဘူးငြင်းဆိုနေသလို ဖောက်ခွဲတဲ့ PDF နှစ်ဖွဲ့ကလည်း လုံခြုံရေးတပ်နဲ့ဆက်စပ်နေသူတွေကို ဆက်လက်တိုက်ခိုက်မယ် ခြိမ်းခြောက်ထားတာတွေ့ရပြီး MT News ကလည်း ဒီဖြစ်စဥ် မှန် မမှန် ဆက်လက်အတည်ပြုနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *