၂၈.၂.၂၀၂၄
Written By Thandar

ပိုမိုစစ်မှန်တဲ့ စတူဒီယိုအရည်အသွေးရှိ Portrait ပုံရိပ်တွေကို ဖန်တီးရရှိနိုင်မယ့် OPPO Reno11 Series 5G ရဲ့ Launch Event ကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ Melia Hotel မှာ ကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင်များစွာ ‌တက်ရောက်ခဲ့ပါတယ်။

“OPPO ကနေ Product အသစ်လေး မိတ်ဆက်ပေးတာဖြစ်ပါတယ်။ ဒါလေးကဘယ်လို Feature ကောင်းမွန်တာတွေ Portrait Camera ပိုင်းကြိုက်တယ်။ ဒီဇိုင်းပိုင်းတွေကိုလည်း ကြိုက်ပါတယ်။ Wave Green အရောင်လေးကို ကြိုက်တယ်။ Rock Grey ဆိုပြီးတော့ နှစ်ရောင်ရှိတာ အဲဒီနှစ်ရောင်ထဲက ကျွန်တော်က ဒီအရောင်ကိုပိုကြိုက်ပါတယ်” လို့ OPPO Product ရဲ့ Ambassador ပိုင်တံခွန်က ပြောပါတယ်။

ဒီအခမ်းအနားမှာတော့ OPPO Reno11 Series 5G ရဲ့ Product Ambassador ဖြစ်တဲ့ ပိုင်တံခွန်နဲ့ နာမည်ကျော် အနုပညာရှင်များဖြစ်တဲ့ Lil’Z ၊ ယမင်းမေဦးနဲ့ ဓာတ်ပုံပညာရှင် Thiha Soul တို့ စတဲ့သူတွေ ပွဲတက်ရောက်ပြီး OPPO Reno11 Series 5G နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့ပါတယ်။

ဒါ့အပြင် Social Influencer Contest shoot with Lil’Z Campaign အစီအစဉ်မှာ အဆို‌တော် Lil’Z လည်း ပါဝင်တာလည်းဖြစ်ပါတယ်။ OPPO Reno11 Series 5G ကတော့ ကျပ် ၁,၄၉၉,၉၀၀ နဲ့ မနက်ဖြန်ကနေစပြီးတော့ လာမယ့် မတ်လ ၇ ရက်အထိ Pre Order မှာယူနိုင်မှာဖြစ်ပါတယ်။ Oppo Reno 11 F 5G ဈေးနှုန်းကို‌တော့ ဧပြီလမှာ ကြေညာပေးရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *