၁၆.၂.၂၀၂၄

Written By Thandar

အူရီဒူးမြန်မာက ပညာသင်ကြားရေးစနစ် ပိုမိုထိရောက်ကောင်းမွန်လာစေဖို့ ရည်ရွယ်ချက်နဲ့ ဒစ်ဂျစ်တယ်ပညာရေးအစီအစဉ်ကို ပံ့ပိုးမြှင့်တင်ပေးသွားမယ့်အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲကို ယနေ့ ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ Melia Hotel မှာ ကျင်းပခဲ့ပါတယ်။

“အူရီဒူးမြန်မာအနေနဲ့ ပညာရေးနဲ့ ပတ်သက်လို့ လူတိုင်းအခက်အခဲမရှိဘဲကောင်းမွန်စွာ သင်ယူလေ့လာတတ်မြောက်နိုင်တဲ့အနာဂတ်တစ်ခုကို ပုံဖော်ဖန်တီးပေးချင်တာမို့ ခုစတင်ဆောင်ရွက်လိုက်တဲ့ ဒီဂျစ်တယ်ပညာရေး အစီအစဥ်ပါ။ ခေတ်မီဆန်းသစ်တဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံးပြုပြီး သင်ယူလေ့လာရင်း ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝကို ရရှိပိုင်ဆိုင်နိုင်အောင် ပံ့ပိုးမြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်” လို့ အူရီဒူးမြန်မာရဲ့ Mr. Chris Peirce Acting CEO ကပြောပါတယ်။

အဆိုပါ အစီအစဥ်ရဲ့ ပထမခြေလှမ်းအနေနဲ့ မန္တလေးတိုင်း ၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်းနဲ့ ပျဉ်မနားမြို့အပါအဝင် တိုင်းဒေသကြီး ၆ ခုရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၁ ခုမှာ ဒီဂျစ်တယ် ပညာရေးအစီအစဥ် ဖော်ဆောင်ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

“လက်ရှိ ကျွန်တော်တို့ နိုင်ငံတစ်ဝန်းရှိဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၁ ကျောင်းမှာ သူငယ်တန်းကနေစပြီး Grade 12 အထိ ကျောင်သားကျောင်းသူဦးရေ ၃၀၀၀ ခန့်ရဲ့ ပညာသင်ယူမှုအတွေ့ အကြုံ နှစ်စဉ်မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ လူမှုအသိုင်းအဝိုင်းတွေမှာ ပညာရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အခြေခံအဆောက်အအုံတွေအပြင် ထပ်မံအဆင့်မြှင့်တဲ့ အဆင့်မြင့် ဒစ်ဂျစ်တယ်ပညာရေးကို ပံ့ပိုးပေးနိုင်လို့ပီတိဖြစ်ရပါတယ်”လို့ အူရီဒူးမြန်မာရဲ့ Head of Corporate Communications က ပြောပါတယ်။

အဆိုပါ အဆင့်မြင့်ဒစ်ဂျစ်တယ်ပညာရေးအစီအစဉ်နဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို သင်ကြားမှုစနစ် ပိုမိုအဆင့်မြင့်တိုးတက်လာအောင် ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *