၁၅.၂.၂၀၂၄
Written By Thandar

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပတဲ့ MNL LEAGUE CUP 2024 ဘောလုံးပြိုင်ပွဲကြီးမှာ ချန်ပီယံအသင်းကို ‌ဆုကြေးငွေ ကျပ်သိန်း ၃၅၀ နဲ့ ဆုဖလား‌ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

အဆိုပါ ဘောလုံးပြိုင်ပွဲရဲ့ မဲနှိုက်ပွဲစဉ် ဇယားရေးဆွဲခြင်း အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၁၅ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ Thuwunna Stadium မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့က လိဂ်ပုံစံပြောင်းလဲလိုက်တာဖြစ်တဲ့အတွက် ကြားကာလမှာ ဘောလုံးသမားတွေ နားနေရတာတွေရှိတယ်လေ။ ပြိုင်ပွဲမရှိတဲ့ ကာလမှာ လစာအပြည့်ပေးဖို့အတွက်က နည်းနည်းအခက်အခဲရှိတယ်။ ဘောလုံးသမားတွေအတွက်စားဝတ်နေရေး အခက်အခဲတွေရှိတယ်။ ပြန်လည်ကုစားတဲ့နည်းလမ်းပါ။ နေရှင်နယ်အသင်း သက်တမ်းအဆင့်ဆင့် ပါဝင်ယှဉ်ပြိုင်လိုတဲ့ ကစားသမားတွေ၊ လိဂ်ပြိုင်ပွဲမရှိဘဲနဲ့ နေရှင်နယ်အသင်းကိုအရွေးခံရတယ်ဆိုရင် အဓိပ္ပါယ်လည်းမရှိဘူး။ သူတို့အတွက် အများကြီး အခက်အခဲရှိမှာဖြစ်တဲ့အတွက် လက်ရွေးစင်ပြိုင်ပွဲမတိုင်ခင်မှာ လိဂ်ပြိုင်ပွဲများများကစားရင် သူတို့အတွက် Performance‌ ‌ရော Endurance ရော၊ Power ရော Training မိနေအောင် ဒီပြိုင်ပွဲကိုကြီးမှူးကျင်းပတာဖြစ်ပါတယ်” လို့ မြန်မာနေရှင်နယ်လိဂ် အမှူဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်ကပြောပါတယ်။

အဆိုပါ ပြိုင်ပွဲမှာ အသင်းအနေနဲ့ အသင်း၂၀ က အုပ်စု A ,B, C, D အ မည်နဲ့ ၄ ဖွဲ့ ပါဝင်ယှဥ်​ပြိုင်မှာဖြစ်ပြီး MNL LEAGUE CUP 2024 ပြိုင်ပွဲကို လာမယ့် မတ်လ ၁ ရက်ကနေ စတင်ပြီး ဇွန်လ ၁၉ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

MNL LEAGUE CUP 2024 ပြိုင်ပွဲရဲ့ ချန်ပီယံအသင်းအနေနဲ့ ဆုကြေးငွေကျပ်သိန်း ၃၅၀ နဲ့ဆုဖလား၊ ဒုတိယဆုကြေးငွေအနေနဲ့ ကျပ်သိန်း ၂၀၀ ပေးအပ်သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *