၁၅.၂.၂၀၂၄
Written By Thandar

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့က အသက် ၁၉ နှစ်အရွယ် ဓနုတိုင်းရင်းသူလေး အလှမယ် ယွန်းသိမ့်သိမ့်နွေးဟာ အိန္ဒိယနိုင်ငံက အိမ်ရှင်အနေနဲ့ ၇၁ ကြိမ်မြောက် ကျင်းပမယ့် Miss World ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို‌တော့ လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်ကနေ မတ်လ ၉ ရက်အထိ အိန္ဒိယနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ ကျော်က အလှမယ်တွေ ပါဝင်ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

“Beauty With A Purpose လူမှုအကျိုးပြုပရဟိတတာဝန်တွေနဲ့အတူ မြန်မာအမျိုးသမီးတွေရဲ့ အရည်အချင်းနဲ့ အလှတရားတွေကို ကမ္ဘာ့စင်မြင့်ထက်မှာ ဂုဏ်ယူစွာ ကိုယ်စားပြု မျှဝေခွင့်ရရှိတော့မှာဖြစ်ပါတယ်။ အထူးသဖြင့် နွေးရဲ့ ပင်းတယမြို့နယ်အတွက် ဓနုလူမျိုးတွေအတွက် အင်မတန် ဂုဏ်ယူဖွယ်ရာဖြစ်အောင် ပြင်ဆင်ထားပါတယ်။ Miss World Festival ပွဲစဉ်တစ်လျှောက်မှာ နွေးကို ချစ်ခင်ကြသူများကလည်း online ကနေတစ်ဆင့် အတူလိုက်ပါဆင်နွှဲရင်း အားပေးဝန်းရံပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်”လို့ အလှမယ် ယွန်းသိမ့်သိမ့်နွေးက ပြောပါတယ်။

နိုင်ငံတကာ Miss World စင်မြင့်ထက်မှာ Miss World Myanmar ကိုယ်စားပြုအလှမယ်တွေအနေနဲ့ ၂၀၁၄ ခုနှစ်က အလှမယ် ဝိုင်းလေး၊ ၂၀၁၅ ခုနှစ်က အလှမယ် ခင်ရတနာသိန်းမြင့်၊ ၂၀၁၆ ခုနှစ်က အလှမယ် မြတ်သီရိလွင် (Bella)၊ ၂၀၁၇ ခုနှစ်က အလှမယ် အိကျော့ခိုင်၊ ၂၀၁၈ ခုနှစ်က အလှမယ် ဟန်တီ၊ ၂၀၁၉ ခုနှစ်က ခေတ်လင်းလတ်ယွန်းတို့ ဝင်ယှဉ်ပြိုင်ခဲ့ကြပြီးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *