၁၁. ၂ .၂၀၂၄
Written by MMAK

◾ ဝက်စ်ဟမ်း Vs အာဆင်နယ်

လန်ဒန်ဒါဘီ ပွဲစဉ်ဖြစ်သလို အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ဖလားအိပ်မက် ဖျက်ဆီးလာမဲ့ ဝက်စ်ဟမ်းအသင်းကို လျှော့တွက်ထားလို့မရပါဘူး။ နှစ်သင်းလုံးခြေစွမ်းကောင်းတာချင်း တူသလို အာဆင်နယ်အသင်း ခြေစွမ်းနည်းနည်းပိုသာတယ်ဆိုပေမဲ့ ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းမှာ မလွယ်ကူပါဘူး။ အဝေးကွင်း အာဆင်နယ်အသင်း တစ်လုံးနှစ်ဆယ်ရှုံး ပေးထားတာ ကြေးပြင်းတယ်လို့ ဆိုလို့ရပေမဲ့ နှစ်ဂိုးပြတ်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ လန်ဒန်ဒါဘီ ဖြစ်သလို ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းမှာ အာဆင်နယ်အသင်း နိုင်ခဲ့ရင်တောင် ကပ်ပြီးတော့ အနိုင်ရသွားတာမျိုးလောက်ပဲ ဖြစ်နိုင်ပါတယ်။ သရေကျသွားတာမျိုးဖြစ်နိုင်သလို အာဆင်နယ်အသင်း ရှုံးခဲ့ရင်လည် အံ့သြစရာမရှိပါဘူး။ ဝက်စ်ဟမ်းကို အပိုင်ရွေးချယ်ထားရမှာ ဖြစ်ပါတယ် ။

အက်စတွန်ဗီလာ Vs မန်ယူ

ပထမအကျော့ မန်ယူအသင်းရဲ့အိမ်ကွင်းမှာ ဗီလာအသင်း ပထမပိုင်း နှစ်ဂိုးပြတ်ဦးဆောင်ထားခဲ့ပေမဲ့ မန်ယူအသင်းရဲ့ Come Back နိုင်ပွဲကြောင့် အရှုံးပေးခဲ့ရပါတယ်။ မန်ယူအနေနဲ့ နောက်ရာသီ ဥရောပပွဲ ကန်ရဖို့အတွက်ဆို သူ့အထက်က ဗီလာကို အနိုင်ကန်ထားပြီး အမှတ်ကွာဟမှူ လျှော့ချထားဖို့လိုပါတယ်။ ဗီလာအသင်းအနေနဲ့ကလည်း သူ့အောက် ကပ်ရပ်က မန်ယူအသင်းကို အိမ်ကွင်းမှာ အနိုင်ကန်ထားပြီး အမှတ်ဖြတ်ထားဖို့ လိုပါတယ်။ အရှူံးအနိုင်ပေါ်အောင် ကစားကြမဲ့ပွဲလို့ ယူဆထားပါတယ်။ အိမ်ရှင်ဗီလာအသင်း ဘော်ဒီကြေး ပြားငါးဆယ် အရှုံးပေးထားပေမဲ့ ဂိုးပေါင်းကြေးသုံးလုံးတစ်ဆယ်ရှုံး ပေါက်ကြေးမှာ နှစ်သင်းလုံး ဂိုးရမယ် ထင်ပါတယ်။ အနိမ့်ဆုံး သုံးဂိုးလောက်ထိ ဖြစ်နိုင်တာကြောင့် ပြားတစ်ဆယ်ရင်းပြီး ဂိုးပေါ် နေချင်ပါတယ်။

စတုဂတ် Vs မိန့်ဇ်

ဒီရာသီ ထူးရှယ်ခြေစွမ်းပြနေတဲ့ စတုဂတ်အသင်း ဥရောပဝင်ခွင့်ရဖို့အတွက် သေချာသလောက်ရှိပါတယ်။ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက်လည်း လက်ကျန်ပွဲစဉ်တွေကို အာရုံစိုက်ကစားဖို့ လိုပါတယ်။ မိန့်ဇ်ကတော့ နောက်ဆုံးဆယ်ပွဲဆက် နိုင်ပွဲပျောက်ထားပြီး ခြေစွမ်းကျဆင်းနေတာ တွေ့ရပါတယ်။ အိမ်ရှင်စတုဂတ်အသင်း တစ်လုံးတစ်ဆယ်ရှုံးပေးသလို ဂိုးပေါင်းကြေး သုံးလုံး ခြောက်ဆယ်အနိုင်ဖြစ်ပါတယ်။ စတုဂတ်အသင်းရဲ့ တိုက်စစ်မှူး ဂတ်ဆေး ပြန်ပါလာနိုင်လို့ တိုက်စစ်သွင်းဂိုးတွေ ပိုမျော်လင့်လို့ ရနိုင်ပါတယ်။ စတုဂတ် အနိုင်သေချာနေတာဖြစ်သလို နောက်ဆုံးဆယ်ပွဲဆက် ဂိုးအောက်ကစားထားတဲ့ မိန့်ဇ်အသင်းကြောင့် အိမ်ရှင်စတုဂတ်နဲ့ ဂိုးပေါ်ကို စုံရွေးချယ်ပေးချင်ပါတယ်။

ဘာစီလိုနာ Vs ဂရန်နာဒါ

ဒီရာသီ ဘာစီလိုနာအသင်းကန်ခဲ့တဲ့ လာလီဂါ ပြိုင်ပွဲ ၂၃ ပွဲမှာ ဘာစီလိုနာ သုံးဂိုးပြတ်နိုင်ခဲ့တာ တစ်ပွဲထဲသာ ရှိပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအသင်း ဘော်ဒီကြေးနှစ်လုံးသရေ ပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးကိုးဆယ်စားဆိုတာ ပြင်းရှတဲ့ပေါက်ကြေးဖြစ်ပြီး ဘာစီလိုနာ တကယ်ကန်မှာလား စဉ်းစားစရာဖြစ်ပါတယ်။ ဂရန်နာဒါအသင်း နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်ထားသလို တိုက်စစ်ဖွင့်ကစားတတ်တဲ့ပုံစံကြောင့် ခံစစ်မလုံတော့ဘဲ ပေးဂိုးတွေ အများကြီး ခွင့်ပြုထားရပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအသင်းရဲ့ သွင်းဂိုးတွေ မြင်ရနိုင်သလို ဂိုးပေါင်းကြေးအရ ဂရန်နာဒါအသင်းလည်း တစ်ဂိုးလောက် ရသွားနိုင်ပါတယ်။ ဒီပွဲမှာ ဂရန်နာဒါအသင်းနဲ့ ဂိုးပေါ် ရွေးချယ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

အေစီမီလန် Vs နာပိုလီ

ဒီရာသီ နာပိုလီအသင်းရဲ့ခြေစွမ်း တော်တော်လေး ကျဆင်းသွားတာ တွေ့ရပါတယ်။ အဓိကတိုက်စစ်မှူး အိုဆီမန်ကို နိုင်ငံပွဲလွှတ်ထားရသလို တောင်ပံကစားမား ကတ်စတန်ဗာခါလည်း အရင်ရာသီလောက် ခြေစွမ်းမပြနိုင်တာ တွေ့ရပါတယ်။ အေစီမီလန်အသင်းရဲ့ တောင်ပံနှစ်ဖက်က တော်တော်မြန်ဆန်ပြီး သမ္ဘာရင့်တိုက်စစ်မှူး ဂီရော့နဲ့ အတွဲအဖက်မိနေတာ ဖြစ်ပါတယ်။ ဒီရာသီမှာ နာပိုလီအသင်း အသင်းကြီးတွေနဲ့ ကစားတဲ့ ပွဲစဉ်တွေမှာ ရှုံးပွဲများခဲ့တာ တွေ့ရသလို အခု အေစီမီလန်ကွင်းမှာလည်း မလွယ်ကူပါဘူး။ သရေအရှုံးပေးထားတဲ့ အေစီမီလန်အသင်း အိမ်ကွင်းဆန်စီယိုမှာ အနိုင်ရသွားပါလိမ့်မယ်။ အေစီမီလန်ကို ရွေးပါ။

ဂျီနိုအာ Vs အတ္တလန်တာ

ဂျီနိုအာအသင်း နောက်ဆုံးရှစ်ပွဲဆက် မရှုံးခဲ့သလို သူ့ရဲ့အိမ်ကွင်းမှာ အင်တာ ၊ ဂျူဗင်တပ်နဲ့ နာပိုလီ အနိုင်ရအောင် မကန်နိုင်ခဲ့ကြပါဘူး။ အတ္တလန်တာရဲ့ နောက်ဆုံး လေးပွဲမှာ ဆယ်နှစ်ဂိုး သွင်းခံထားရသလို လေးပွဲလုံး အနိုင်ရထားတာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အတ္တလန်တာ အသင်းရဲ့ ပြားကိုးဆယ်အရှူံးပေးမှုမှာ အနိုင်ရဖို့ သံသယရှိပါတယ်။ အိမ်ကွင်းကောင်းတဲ့ ဂျီနိုအာအသင်း ဂိုးရနိုင်သလို တိုက်စစ်ကောင်းတဲ့ အတ္တလန်တာ အသင်းလည်း ဂိုးရနိုင်ပါတယ်။ ဒီပွဲစဉ်မှာ ဂျီနိုအာအသင်း ဂိုးရနိုင်မယ်ထင်လို့ အိမ်ရှင် ဂျီနိုအာအသင်းနဲ့ ဂိုးပေါ် တွဲရွေးပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *