၁၁.၂.၂၀၂၄
Written by KL

ရန်ကုန်တိုင်း​ဒေသကြီး၊ လှည်းကူးမြို့နယ်၊ အုန္နဲကုန်းကျေးရွာထိပ်၊ ရန်ကုန်-ပဲခူး လမ်းမကြီးအနီးတွင် ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က အာဟာရပြတ်ကာ သေဆုံးနေသော အမျိုးသားတစ်ဦး၏ အလောင်းကိုတွေ့ရှိခဲ့ကြောင်း ဒေသခံ နာရေးကူညီမှုအသင်းထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၄၃ နှစ်ခန့်အရွယ်ရှိပြီး လမ်းပေါ်တွင် နေထိုင်သူတစ်ဦးဖြစ်ကာ ခြင်ထောင်အတွင်းသေဆုံးနေခြင်းဖြစ်ပြီး အာဟာရပြတ်ကာ သေဆုံးသည်ဟု ယူဆရကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း ကရုဏာရှင် အခမဲ့ နာရေးကူညီမှု အသင်း(လှည်းကူးမြို့) ထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *