၃. ၁၂. ၂၀၂၂

Written by Myo Khine

မလေးရှားနိုင်ငံ၊ ပူချွန်းမြို့ရှိ ဟိုတယ်တစ်ခု၏ အခန်းအတွင်း၌ မြန်မာနိုင်ငံသားတစ်ဦး သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း မလေးရှားနိုင်ငံ နှလုံးလှ ပရဟိတလူငယ်များအဖွဲ့မှ သိရသည်။

သေဆုံးနေသူမှာ အသက် ၃၁ နှစ်အရွယ် ကိုထွန်းထွန်းနိုင် ဆိုသူဖြစ်ပြီးလွန်ခဲ့‌သော နှစ်ရက်ကပင် သေဆုံးနေခြင်းဖြစ်ကြောင်း၊ ယင်းကြောင့် သိရှိသူများအနေဖြင့် ဆက်သွယ်ပေးကြရန် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့က သတင်းထုတ်ပြန်ထားခြင်းဖြစ်‌ကြောင်း သိရသည်။

“သေတာ နှစ်ရက်လောက်ရှိပြီ။ နာမည်ကတော့ Passport မှာရေးထားလို့ သိရတာ။ ပဲခူးတိုင်း သနပ်ပင်မြို့နယ်ထဲက ရွာတစ်ရွာကလို့ သိရတယ်။ သေဆုံးသူရဲ့အိတ်ထဲမှာ Passport နဲ့ အိမ်ထောင်စုစာရင်းစာရွက်တွေ့တယ်” ဟုအဆိုပါအသင်း၏တာဝန်ရှိသူ ကိုသက်က MT News သို့ ပြောသည်။

ယခုအခါ ပူချွန်းမြို့တာဝန်ရှိသူများက လာရောက်စစ်ဆေးမှုများပြုလုပ်၍ ရုပ်အလောင်းကိုပူချွန်းမြို့ရှိ ဆေးရုံရင်ခွဲရုံ၌ စစ်ဆေးရန် အဆိုပါအသင်းက သယ်ယူပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *