မက်ဒရစ်မြို့တွင် စာအိတ်ဗုံးပေးပို့မှုမှပေါက်ကွဲမှုဖြစ်ပွားခဲ့သော ယူကရိန်း သံရုံးအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ပိတ်ဆို့မှုပြုထားသည်ကို တွေ့ရစဥ်။

၂.၁၂. ၂၀၂၂
Translated by Htwe Ko Tun

စပိန်နိုင်ငံတွင် ဝန်ကြီးချုပ် ပီဒရိုဆန်ချက်ဇ်၏အိမ်အပါအဝင် အချို့နေရာများကို စာအိတ်ဗုံးများပေးပို့၍ အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် ကြိုးစားမှုများဖြစ်ပွားလျက်ရှိရာ ဆဋ္ဌမမြောက်အဖြစ် ဒီဇင်ဘာ ၁ ရက်ကလည်း အလားတူ စာအိတ်ဗုံးတစ်လုံး မက်ဒရစ်မြို့ရှိ စပိန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးသို့ ရောက်ရှိလာခဲ့ရာ ကျွမ်းကျင်သူများက နောက်ပိုင်းတွင် ထိန်းချုပ်ဖေါက်ခွဲမှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ထိုကဲ့သို့ စာအိတ်ဗုံးများပေးပို့မှုက နိုဝင်ဘာ၂၄ ရက်တွင် ဝန်ကြီးချုပ်၏အိမ်သို့ ဗုံးတစ်လုံးပါဝင်သော စာအိတ်ကဲ့သို့ အထုတ်ငယ်တစ်ခု စတင်ပေးပို့မှုဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ ၃၀ ရက်တွင် တဖန် အလားတူ စာအိတ်ဗုံးများကို ကာကွယ်ရေးဝန်ကြီးဌာန၊ လေတပ်အခြေစိုက်စခန်းတစ်ခု၊ လက်နက်ထုတ်လုပ်သူတစ်ဦးနှင့် စပိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံရုံးများသို့ ပေးပိုခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၃၀ ရက်တွင် ယူကရိန်းသံရုံးသို့ ပေးပို့ခဲ့သောစာအိတ်ဗုံးက ပေါက်ကွဲခဲ့ရာသံရုံးလုံခြုံရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

စပိန်ကာကွယ်ရေးဝန်ကြီး မာဂါရီတာရိုဘယ်လ်က ထိုကဲ့သို့ စာအိတ်ဗုံးများပေးပို့အကြမ်းဖက်ခြင်းက စပိန်နိုင်ငံ၏ ယူကရိန်းနိုင်ငံအား ရုရှား-ယူကရိန်းစစ်ပွဲအတွင်း လက်နက်များထောက်ပံ့နေခြင်းကို တားဆီးရာရောက်လိမ့်မည်မဟုတ်ဟု ဒီဇင်ဘာ ၁ ရက်က ပြောခဲ့သည်။ ထိုသို့ပြုလုပ်မှုများကြောင့် မြို့တော်မက်ဒရစ်တွင် အများပြည်သူသွားလာရာ အဆောက်အအုံနေရာများ၌ လုံခြုံရေးများ တိုးမြှင့်ချထားကြောင်းလည်း သိရသည်။

စပိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကမူ ထိုသို့အကြမ်းဖက်တိုက်ခိုက်ရန် ရုရှားနိုင်ငံက ဆောင်ရွက်ခဲ့ခြင်းဟု နိုဝင်ဘာ ၃၀ ရက်တွင် စွပ်စွဲပြောကြားခဲ့သည်။ သို့သော် စပိန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက လူမှုကွန်ရက်တွစ်တာရှိ သံရုံးစာမျက်နှာတွင် အဆိုပါစာအိတ်ဗုံးများပေးပို့မှုနှင့်ဆက်စပ်နေသော မည်သည့်ခြိမ်းခြောက်မှု (သို့မဟုတ်) အကြမ်းဖက်မှုမျိုးကိုမဆို ရှုတ်ချကြောင်း၊ အထူးသဖြင့် သံတမန်အဖွဲ့အစည်းတစ်ခုခုအား ပစ်မှတ်ထားတိုက်ခိုက်မှုမျိုးကို လက်မခံနိုင်ပါကြောင်း ဖော်ပြခဲ့သည်။

Ref——Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *

Related News