MT News
၄. ၂. ၂၀၂၃

စတုတ္ထအကြိမ် သီတဂူစက္ခုဒါန-သီတဂူမျက်စိအလှူတော် အစီအစဉ်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)မှာ သီတဂူအဖွဲ့က ပေးလှူကုသနေပြီး စာရင်းပေးသူ ၁၆၀၀ ကျော်ကို ဖေဖော်ဝါရီ ၈ ရက်အထိ ခွဲစိတ်ကုသပေးနေတယ်လို့ သိရပါတယ်။

မျက်စိဝေဒနာကို ခွဲစိတ်ကုသဖို့စာရင်းပေးသွင်းသူ ၁၆၀၀ ကျော်ကို ဇန်နဝါရီ ၂ ရက်ကနေ ၈ ရက်အထိ နေ့စဥ် ၃၅၀ နှုန်းနဲ့ကြည့်ရှုစစ်ဆေးဖို့ပြင်ဆင်ထားပေမဲ့ စတင်ခွဲစိတ်ကုသတဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ လူနာ ၄၄၁ ဦး စစ်ဆေးခဲ့ပြီး လူနာ ၂၀၁ ဦးမျက်စိခွဲစိတ်ခဲ့ရသလို တစ်ဦးမျက်ခွံချုပ်ခဲ့ရပြီး ဖေဖော်ဝါရီ ၃ ရက်မှာ​တော့ ၄၇၃ ဦး စစ်ဆေးခဲ့ပြီး လူနာ ၁၆၅ ဦး ခွဲစိတ်ကုသပေးခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာလည်း စာရင်းပေးသွင်းထားသူ ၁၆၀၀ ကျော်ကို သီတဂူဆရာတော်ကြီးကိုယ်တိုင် ကြီးကြပ်ကုသပေးနေပြီး စာရင်းပေးသူများပြားတာကြောင့် စတုတ္ထအကြိမ်မှာ ကုသခွင့်မရသူတွေဟာ ပဥ္စမအကြိမ်မှာ စာရင်းပေးသွင်းကုသနိုင်မယ်လို့ သိရပါတယ်။

ပုံစာ။ စတုတ္ထအကြိမ် သီတဂူစက္ခုဒါနအလှူတော်မြင်ကွင်း (ဓာတ်ပုံ – သီတဂူစက္ခုဒါနဆေးရုံကြီး)

Leave a Reply

Your email address will not be published. Required fields are marked *