AA ၏ တိုက်ပွဲပုံ ထုတ်ပြန်ချက်တစ်ခုအား တွေ့ရစဥ်

MT News

Written by Nay Moe

နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါမှ ကြားဝင်စေ့စပ်ဆောင်ရွက်ပေးမှုကြောင့် နှစ်ဖက်တိုက်ပွဲများ ခေတ္တယာယီရပ်တန့်ထားချိန်တွင် AA က စပါးရိတ်ပေးနေကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့ ညတွင် ကြေညာခဲ့သည်။

နိုဝင်ဘာလ (၂၆) ရက်မှစ၍ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်ရပ်တန့်ခြင်း (Humanitarian Pause) ကို နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါမှ ကြားဝင်စေ့စပ်ဆောင်ရွက်ပေးမှုကြောင့် နှစ်ဖက်တိုက်ပွဲများ ခေတ္တယာယီရပ်တန့်ခဲ့သည်။

ထိုနေ့မှစ၍ နှစ်ဖက်သဘောတူခဲ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များထဲမှ တစ်ခုဖြစ်သော ယခုရက်များအတွင်း အချိန်မီစပါးရိတ်သိမ်းရန် အရေးတကြီး ချက်ချင်းလိုအပ်နေသည့် စပါးကွင်းများမှ ရင့်မှည့်စပါးများကို AA မှ ဒေသခံပြည်သူလူထုများနှင့် ပူးပေါင်း၍လည်းကောင်း၊ စပါးခင်းပိုင်ရှင်များမှာ စစ်ဘေးရှောင်များဖြစ်နေသောကြောင့် ပိုင်ရှင်များကိုယ်တိုင် လာရောက်ရန် မလွယ်ကူသောစပါးခင်းများကို AA နှင့် ULA အဖွဲ့ဝင်များမှ စပါးခင်းပိုင်ရှင်များကိုယ်စား စပါးရိတ်သိမ်းခြင်းများကို ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာမှ စပါးခင်းများ၊ ရသေ့တောင်မြို့နယ် မောင်ဖြူရွာ အနောက်ဘက်ရှိ စပါးခင်းများ၊ မညင်းတောင်ရွာမှ စပါးခင်းများ၊ ကုန်တန်းရွာမှ စပါးခင်းများ၊ ခရုချောင်းရွာမှ စပါးခင်းများ၊ ရီကောင်းချောင်းရွာမှ စပါးခင်းများ၊ ပုဏ္ဏားကျွန်းမြို့နယ် ယာချောင်းရွာ အရှေ့တောင်ဘက်ရှိ စပါးခင်းများ၊ ဆင်အင်းကြီးရွာတောင်ဘက်ရှိ စပါးခင်းများ၊ ငှက်ကြီးကျွန်းရွာအနောက်ဘက်ရှိ စပါးခင်းများ၊ ပဒေသာရွာဟောင်း အနောက်ဘက်ရှိ စပါးခင်းများ၊ ရီပေါက်ချောင်းရွာ အနောက်တောင်ဘက်ရှိ စပါးခင်းများကို ရိတ်ပေးခဲ့သည်။

ထို့ပြင် ကျောက်တော်မြို့နယ် သလူချောင်းရွာအနောက်ဘက်ရှိ စပါးခင်းများ၊ ရုပ်သားရွာ အနီးတစ်ဝိုက် စပါးခင်းများ၊ နဂရာရွာအနီးတစ်ဝိုက် စပါးခင်းများ၊ မြောက်ဦးမြို့နယ် ဂူတလုံးကျ (မြို) ရွာမှ စပါးခင်းများ၊ မင်းပြားမြို့နယ် ရာမောင်တံတားအနီးတစ်ဝိုက် စပါးခင်းများအပြင် ဆက်လက်ရိတ်သိမ်းရန် ကျန်ရှိနေသေးသော စပါးခင်းများကိုလည်း ကူညီသွားမည်ဟု AA က ကြေညာသည်။

Leave a Reply

Your email address will not be published. Required fields are marked *