စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးလုပ်နေစဥ် တွေ့ရှိသည့် လက်လုပ်ဗုံးအား တွေ့မြင်ရစဥ်

MT News

Written by Naing Thuta

အမရပူရမြို့နယ်တွင် ဒီဇင်ဘာလ ၁ ရက် မွန်းမတည့်မီ​ မန္တလေး-စစ်ကိုင်းကမ်းနားလမ်းဘေး၌ မပေါက်ကွဲသေးသည့်လက်လုပ်ဗုံးသီးတစ်လုံးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သန့်ရှင်းရေးလုပ်နေစဥ် တွေ့ရှိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ယာဉ်တော်ကျေးရွာ၊ အောင်သာဓာတ်ဆီဆိုင်အနီးတွင် ဒီဇင်ဘာ ၁ ရက်  ၁၁ နာရီခွဲခန့်တွင် အမရပူရမြို့နယ်စည်ပင်သာရေးအဖွဲ့မှ မန္တလေး-စစ်ကိုင်းကမ်းနားလမ်းတွင် သန့်ရှင်းရေးများ လုပ်နေစဉ်အတွင်း နေ့စားလုပ်သားတစ်ဦးမှ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးသီးတစ်လုံးအား စတင်တွေ့ရှိ၍ သတ်ဆိုင်ရာကို အကြာင်းကြားခဲ့ကြောင်း မြို့နယ်စည်ပင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

“ဒီနေ့နေ့လည်လောက်က မန္တလေး-စစ်ကိုင်းကမ်းနားလမ်းဘေးမှာ သန့်ရှင်းသာယာရေးအတွက် သန့်ရှင်းရေးလုပ်နေချိန် နေ့စားအလုပ်သမားအမျိုးသားတစ်ဦးက ဗုံးလို့ထင်တဲ့အရာတစ်ခု တွေ့တယ်ဆိုပြီး ပြောလာလို့ သက်ဆိုင်ရာကိုအကြောင်းကြားလိုက်တာ တကယ်လက်လုပ်ဗုံးဖြစ်နေတယ်။ ကံကောင်းလို့ အလုပ်သမားတွေ မမေးမမြန်းဘဲ ကိုယ့်သဘောနဲ့ကိုယ် ဖယ်လိုက်ရင် ဒုက္ခရောက်ကုန်မှာ။ အများပြည်သူသွားရာလမ်းတွေမှာတော့ အခုလိုမလုပ်သင့်ပါဘူး”ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။

၎င်းတွေ့ရှိခဲ့သောဗုံးမှာ အရှည် ၃ လက်မခန့်ရှိ စနစ်တံပါရှိသည့်တိပ်အဝါ​ဖြင့် ပတ်ထားသော လက်လုပ်ဗုံးသီးသုံးလုံးဖြစ်နေပြီး သက်ဆိုင်ရာအဖွဲ့များမှ လာရောက်ရှင်းလင်းသွားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်ကလည်း အမရပူရမြို့နယ်တွင် အများသောက်သုံးရန်ထားရှိသည့် သောက်ရေအိုးစင်ဘေးသို့ အမျိုးသားနှစ်ဦးမှ ဗုံးတစ်လုံးပစ်ပေါက်ခဲ့ပြီး မပေါက်ကွဲသောကြောင့် သက်ဆိုင်ရာမှ ယမ်းပျော့ကပ်၍ ရှင်းလင်းခဲ့ရသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *