MT News
Written by Nay Moe

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် KBZ ဘဏ်(၂) ကို လုံခြုံရေးယူပေးနေသူတွေကို ဒီနေ့မနက် ၉ နာရီ ၁၅ မိနစ်ခန့်မှာ ဗုံးနဲ့ပစ်တိုက်ခိုက်ခဲ့ပြီး ကမ္ဘောဇဘဏ်အားလုံးကို သတိပေးတယ်လို့ Flying Dragon Force PDF အဖွဲ့က ပြောပါတယ်။

ကမ္ဘောဇဘဏ်ဟာ K Pay တွေ ပိတ်နေတာ၊ အကောင့်ပိုင်ရှင်တွေကို ဖမ်းဆီးတာအထိလုပ်နေလို့ တိုက်ခိုက်တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကို Flying Dragon Force ၊ သိင်္ခအားမာန်၊ Shwebo Crocodile ၊ ရွှေဘိုအားမာန်မြို့ပြောက်ကျားတပ်ဖွဲ့၊ ကျားညီနောင် NDRF၊ တံတားညီနောင်၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်(ဒီပဲယင်း) တပ်နယ်၊၂ တပ်ပေါင်းစုတို့က ပူးပေါင်းတိုက် ခိုက်တာလို့လည်း Flying Dragon Force PDF အဖွဲ့က ပြောပါတယ်။

Flying Dragon Force PDF အဖွဲ့ထုတ်ပြန်ထားတဲ့ရုပ်သံမှာလည်း PDF တစ်ဦးက ဘဏ်ဘေးရပ်ထားတဲ့ကားကိုကွယ်ပြီး ဘဏ်ရှေ့ကလူအုပ်ထဲ ဗုံးနဲ့ပစ်ပေါက်လိုက်တာကြောင့် ပေါက်ကွဲသွားတာတွေ့ရပေမဲ့ ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးပါဘူး။

အလားတူပဲ ပုဂံမြို့မှာရှိတဲ့ ကမ္ဘောဇဘဏ်ကိုလည်း ဒီနေ့လယ် ၁၂ နာရီခန့်မှာ လက်နက်ကိုင်ထားတဲ့လူတစ်စုက ဓားပြဝင်တိုက်တာကြောင့် ကျပ်သိန်း ၃၀၀၀ ခန့်လုယက်ခံရတယ်လို့ ကနဦးသိရပြီး အသေးစိတ်ဖြစ်စဥ်ကို MT News က ဆက်လက်အတည်ပြုစုံစမ်းနေပြီး ဖြစ်စဥ်အမှန်ကို ဆက်လက်ဖော်ပြပေးပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *