၃၁. ၁. ၂၀၂၄
Written by Pan Ei

တောင်ကိုရီးယားနိုင်ငံက နာမည်ကြီးမင်းသမီး Kim Tae Hee နဲ့ Squid Game မင်းသား Park Hae Soo တို့ဟာ Amazon Prime Video ရဲ့ မူရင်းစီးရီး Butterfly မှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ဟောလိဝုဒ်မှာ ပွဲဦးထွက်တော့မှာပဲဖြစ်ပါတယ်။

Hi Bye Mama၊ Stairway to Heaven၊ Revenant နဲ့ တခြားနာမည်ကြီးကိုရီးယားဇာတ်လမ်းတွဲတွေမှာ သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့အတွက် လူသိများတဲ့ Kim Tae Hee ဟာ သူမရဲ့အေဂျင်စီဖြစ်တဲ့ Story J. ရဲ့ ထုတ်ပြန်ချက်ကနေတစ်ဆင့် Butterfly မှာ ပါဝင်သရုပ်ဆောင်ဖို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ Squid Game ဇာတ်ကားနဲ့ အမ်မီဆု ဆန်ကာတင်စာရင်းဝင်ခဲ့ဖူးပြီး Narco-Saints ဇာတ်ကားမှာ သူ့ရဲ့ ဦးဆောင်ပါဝင်မှုနဲ့ လူသိများတဲ့ မင်းသား Park Hae Soo ကလည်း Butterfly စီးရီးမှာ ပါဝင်သွားမယ်ဆိုတာကို မင်းသားရဲ့အေဂျင်စီ BH Entertainment က အတည်ပြုခဲ့တာပါ။

Butterfly စီးရီးဟာ အပိုင်း ၆ ပိုင်းပါဝင်သွားမှာဖြစ်ပြီး မင်းသမီး Kim Tae Hee က ဇာတ်လမ်းရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်သလို မင်းသား Park Hae Soo ကလည်း အထူးပါဝင်သရုပ်ဆောင်မှုနဲ့အတူ ပါဝင်သွားမယ်လို့ သိရပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *