April 28, 2024

MT News

အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် အာဆီယံဒေသတွင်း စီးပွားရေးဆိုင်ရာ အမြင့်ဆုံးဆုဖြစ်သော ASEAN Business Awards 2022 ကို ဝင်ရောက်ယှဉ်ပြုင်နိုင်ရန် စတင်ဖိတ်ခေါ်လျက်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ကြေညာထားသည်။

နယ်ပယ်အသီးသီးတွင် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်အောင်မြင်စွာ လုပ်ကိုင်နိုင်သူများ၊ စွန့်ဦးတီထွင်လုပ်ကိုင်နိုင်သူများ၊ လုပ်ငန်းရေရှည်တည်တံ့စွာ စွမ်းဆောင်နိုင်သူများကို အသိအမှတ်ပြုသောအားဖြင့် ASEAN Business Awards အား နှစ်စဉ် ပေးအပ်ချီးမြှင့်လျက်ရှိပြီး အာဆီယံစီးပွားရေးလုပ်ငန်းများသည် ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသည့်ကဏ္ဍမှ ပါဝင်နေကြောင်းကို သိရှိစေရန်နှင့် ထူးချွန်သောလုပ်ငန်းရှင်များကို စံနမူနာယူနိုင်စေရန်အတွက် ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

ယခုနှစ် “ASEAN Business Awards 2022” အား သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ကိုက်ညီသော အာဆီယံနိုင်ငံများရှိကုမ္ပဏီများမှ Priority Sector Award အတွက်Tourism၊ Logistics၊ Real estates၊ Textiles၊ Healthcare၊ Handicraft၊ Fintech ၊Agri-based Product များ ယှဥ်ပြိုင်နိုင်ပြီး SME Excellence Award အတွက် Growth၊ Employment၊ Innovation၊ CSR နှင့် Skill Development Award ဆုများ ယှဥ်ပြိုင်နိုင်ပြီး ပါဝင်ယှဥ်ပြိုင်လိုသော ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ၃၀.၉.၂၀၂၂ ရက်နေ့နောက်ဆုံးထား၍ အောက်ဖော်ပြပါ https://abis2022.org/ နှင့် https://abis2022.org/how-to-apply/ Link တွင် လျှောက်လွှာများရယူပြီး ပြည့်စုံစွာဖြည့်စွက်၍ Email: [email protected] သို့ ပေးပို့ လျှောက်ထားနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News