March 28, 2024

၃၀. ၁၁. ၂၀၂၂

တည်းဖြတ် Hey Mar/ တင်ဆက် PanEi

Netflix နဲ့ Bioware တို့ ပူးပေါင်းပြီး နာမည်ကြီး ဆုရ ဗီဒီယိုဂိမ်း ဖြစ်တဲ့ Dragon Age ထဲက ကမ္ဘာကို အခြေခံထားတဲ့ Dragon Age: Absolution Series ဟာဆိုရင် အပိုင်း ၆ ပိုင်း ပါဝင်သွားမှာ ဖြစ်ပြီး Dec လမှာ Netflix ကနေ ထုတ်လွှင့်တော့မှာပဲ ဖြစ်ပါတယ်။

Dragon Age: Absolution ဟာ ၂၀၁၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ Warden’s Fall နဲ့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Redemption ပြီးနောက် ထွက်ရှိလာမယ့် တတိယမြောက် ကာတွန်းစီးရီးဖြစ်ပြီး Absolution ဟာ ဒီနေ့အထိ အကြီးမားဆုံး Dragon Age ကာတွန်းစီးရီးပဲ ဖြစ်ပါတယ်။

ဒီကာတွန်း စိတ်ကူးယဉ် စီးရီးကို Voltron နဲ့ The Witcher အပါအဝင် ရုပ်ရှင်များစွာကို Netflix နဲ့ လက်တွဲခဲ့ဖူးတဲ့ Reddog Culture House ဟာ Dragon Age ရဲ့ ကမ္ဘာကို ကာတွန်းရုပ်ရှင်အဖြစ်သို့ ယူဆောင်လာတာဖြစ်ပြီး Justice League Dark ရဲ့ စာရေးဆရာ Mairghread Scott က ဖန်တီးပေးထားတာပဲ ဖြစ်ပါတယ်။

Dragon Age: Absolution Series မှာ အသံသရုပ်ဆောင်လောကမှာ ထင်ရှားကျော်ကြားပြီး ဗီဒီယိုဂိမ်းရုပ်ရှင် နယ်ပယ်မှာ အသံသရုပ်ဆောင်မှု အတွေ့အကြုံများစွာရှိတဲ့သူများ ပါဝင်ပါတယ်။

ဒီစီးရီးမှာ ဇာတ်ကောင်တွေ ဖြစ်ကြတဲ့ Miriam အဖြစ် Kimberly Brooks၊ Roland အဖြစ် Phil LaMarr၊ Fairbanks အဖြစ် Matthew Mercer၊ Qwydion အဖြစ် Ashly Burch နဲ့ Rezaren အဖြစ် Josh Keaton စတဲ့သူတွေက အသံသရုပ်ဆောင်အဖြစ် ပါဝင်သွားကြမှာပဲ ဖြစ်ပါတယ်။

Dragon Age ကို အခြေခံပြီး ဖန်တီးထားတဲ့ ဒီ Series မှာ လွတ်လပ်မှု၊ အာဏာ၊ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး စူးစမ်းရှာဖွေမှုတွေ ပါဝင်သလို Miriam ဟာ သူမရဲ့မစ်ရှင်တွေ ပြီးမြောက်ဖို့ သူမရဲ့ခံစားချက်တွေကို ဘေးဖယ်ထားနိုင်မလား။ ဒါမှမဟုတ် သူမရဲ့ အတိတ်က ဒဏ်ရာတွေကပဲ နောက်ဆုံးမှာ သူမကို ဖမ်းစားသွားနိုင်မလားဆိုတာကတော့ Dec လ ၉ ရက်နေ့မှာ Netflix က ထုတ်လွှင့်တော့မဲ့ ဒီစီးရီးမှာ ကြည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *