April 26, 2024

ပြည်ပ အဓိကတင်ပို့သည့် မတ်ပဲများကို တွေ့ရစဥ် (Photo-Commerce)

၃၀.၁၁ .၂၀၂၂
Written by Hey Mar

နိုဝင်ဘာလဆန်းပိုင်းက မတ်ပဲ တစ်တန် ကျပ် ၁၈သိန်းကျော် ၁၉ သိန်းနီးပါး ရှိခဲ့ရာမှ ယခုအခါ မတ်ပဲစျေးနှုန်းများ တစ်တန်ကို ကျပ် ၁၇ သိန်းအထိ စျေးနှုန်းကျဆင်းလာနေသော်လည်း Raw စျေးနှုန်းမှာမူ အမြင့်စျေးတွင် တည်ငြိမ်နေဆဲ ဖြစ်ကြောင်း မတ်ပဲ ပြည်ပ တင်ပို့ရောင်းချသည့် အာကာဦး ကုမ္ပဏီမှ တာဝန်ရှိသူက MT News သို့ ပြောသည်။

မတ်ပဲ အဓိက ဝယ်လက်ဖြစ်သည့် အိန္ဒိယနိုင်ငံဘက်မှ အရောင်းအဝယ်အေးလာသည့်အတွက် ကျဆင်းလာရခြင်းဖြစ်ပြီး တစ်ဖက် အဝယ်အေးသည်နှင့် လှောင်လက်များမှလည်း စျေးဆက်လက်ကျဆင်းမည်ကို စိုးရိမ်စိတ်ကြောင့် အလျင်အမြန်ထုတ်ရောင်းကြသဖြင့် ထပ်မံကျဆင်းလာဖို့ ရှိကြောင်းလည်း သိရသည်။

“မတ်ပဲက စျေးဆက်တိုက်ကျနေပါတယ်။ အိန္ဒိယ ဘက်က အဝယ်အေးတာရော ပြည်ပပို့ကုန် ဒေါ်လာစျေး ကျဆင်းလာတာရောကြောင့်ပါ။ ဒေါ်လာစျေးကျတော့ သင်္ဘောနဲ့ ပြည်ပတင်ပို့တဲ့စျေးတွေလည်း ကျပါတယ်” ဟု ရန်ကုန်ဘုရင်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဒေါက်တာမျိုးလွင်က MT News သို့ ပြောသည်။

လက်ရှိတွင် မတ်ပဲ(FAQ/RC) တစ်တင်း ၅၄၆၆၅ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်း ၆၂၇၀၀၊ မတ်ပဲ (Raw) တစ်ပိဿာ၂၈၄၀ မှ ၂၉၀၀ ကျပ်ရှိကြောင်း နိုဝင်ဘာ ၂၉ ရက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်စျေးနှုန်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News