၂၉. ၁၁. ၂၀၂၂

Written by Tha Doe

၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ အထိ စုစုပေါင်းပိုင်ဆိုင်မှု ကျပ် ၇၀၉၆ ဘီလျံကျော်ရှိသော မြန်မာ့စီးပွားရေးလုပ်ငန်းရှင်ဦးဇော်ဇော်၏ ဧရာဝတီဘဏ်အား အများပိုင်ဘဏ်အဖြစ်ပြောင်းလဲရန် ပြင်ဆင်နေပြီဖြစ်သည်။

ဦးဇော်ဇော်၏ ဧရာဝတီဘဏ်အား အများပိုင်ဘဏ်အဖြစ်သို့ ပြောင်းလဲရန် ယခုအပတ်ထုတ် နိုင်ငံတော်ပြန်တမ်းတွင်လည်း ထည့်သွင်းဖော်ပြထားပြီး ဖော်ပြချက်အရ “ဧရာဝတီဘဏ်လီမိတက်၊ အမှတ်-၄၁၆၊ မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်းဒေသကြီးသည် အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီအဖြစ်မှ အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီအဖြစ်သို့ အမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံသို့ တင်ပြပြီးဖြစ်ကြောင်းနှင့် မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီက တင်ပြသည့်လျှောက်ထားမှုကို ကျေနပ်လက်ခံပြီး တရားရုံး၏ အမိန့်တစ်ရပ်ရပ်အရ တားမြစ်ခြင်းမရှိလျှင် ကုမ္ပဏီ၏ မှတ်ပုံတင်ထားသောကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ပြောင်းလဲပေးမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာလိုက်သည်” ဟု ဖော်ပြထားသည်။

ဧရာဝတီဘဏ်အနေဖြင့် ၂၀၂၁ စက်တင်ဘာ ၃၀ အထိ စုစုပေါင်းပိုင်ဆိုင်မှု ကျပ် ၇၀၈၉ ဘီလျံကျော်ရှိပြီး ပေးရန်တာဝန်ရှိသည့်ပမာဏမှာ ကျပ် ၆၇၉၄ ဘီလျံကျော်ရှိသည်။ လက်ရှိတွင် ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသူမှာ ဦးဇော်ဇော်ဖြစ်သည်။ လက်ရှိတွင် ဘဏ်ခွဲပေါင်း ၂၆၅ ခုဖြင့် လည်ပတ်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *