မူးယစ်ဆေး လက်နက်များနှင့် ဖမ်းမိသူများကို တွေ့ရစဥ်

၂၉. ၁၁ .၂၀၂၂

Written by Thi Ha

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ လူငယ်သုံးဦးနှင့် မူးယစ်ဆေးဝါးများအပြင် ပစ္စတိုသေနတ် ၁ တစ်လက်အား နိုဝင်ဘာ ၂၈ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ နို၀င်ဘာ ၂၈ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)နေ စိုင်းစိနိုင်(ခ)အားနမ်၊ ကျမူး နှင့် အားလင် တို့ငှားရမ်းနေထိုင်သည့် နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းတို့နှင့်အတူ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသောအမှုန့်(Happy Water)အလေးချိန် ၈၁ ဂရမ် (ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၉ သိန်း တစ်သောင်း)၊ ကက်တမင်းအလေးချိန် ၄၅၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၄၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄ သိန်း)၊ လက်ကိုင်ဖုန်း ၄ လုံး၊ ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခုနှင့် ၎င်းကျည် ၁၀ တောင့်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

သို့ဖြစ်၍ စိုင်းစိနိုင်(ခ)အားနမ်(၂၃)နှစ်၊ ကျမူး(၂၂)နှစ် နှင့် အားလင်(၂၅)နှစ်တို့အား ဟောင်လိတ် နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူ ထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *