MT News

၁၉. ၁. ၂၀၂၄

ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၁၄ ရက်က ထိုးသတ်ခဲ့တဲ့ ထိုင်းဖိုက်ပွဲမှာ လက်ဝှေ့ကျော် ထွန်းထွန်းမင်းရဲ့ ညီ ထွန်းမင်းနိုင်(ခ) ဆူ​လေမန်နဲ့ မလေးရှားဖိုက်တာ Kabilan Jelevan တို့ ပထမအကြိမ်ထိုးသ-တ်ရာမှာ ထွန်းမင်းနိုင်ဟာ ပထမအချီမှာပဲ ပြိုင်ဘက် မလေးရှားဖိုက်တာရဲ့ အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့တာပါ။

ဒါကြောင့် ထွန်းမင်းနိုင်နဲ့ မလေးရှားဖိုက်တာ Kabilan Jelevan တို့ကို ဒီနေ့ ဇန်နဝါရီ ၁၉ ရက်မှာ ပြုလုပ်တဲ့ One Friday Fight 48 ပြိုင်ပွဲမှာ မကျေပွဲအဖြစ် ပြန်လည် ထိုးသတ်ကြရာမှာလည်း ထွန်းမင်းနိုင်ဟာ အမှတ်နဲ့ရှုံးပြီး Jelevan ကို ထပ်ပြီး ဒူးထောက်ခဲ့ရပြန်တာပါ။

ပထမအကြိမ်မှာ နိုင်ချင်ဇောလောကြီး ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတာကြောင့် အလဲထိုးခံလိုက်ရပြီး မားမားတောင်မရပ်နိုင်အောင် ရှုံးခဲ့ရတာကို သင်ခန်းစာယူထားပုံရတဲ့ထွန်းမင်းနိုင်က ဒီနေ့ပွဲမှာ အရင်လိုပေါ့တီးပေါ့ဆ မလုပ်ဘဲ သတိကြီးကြီးနဲ့ ထိုးပေမဲ့လည်း Jelevan ကိုက ပါဝါအလွန်သာနေပြီး သက်လုံရော အရည်အချင်းပါ ယှဥ်မထိုးနိုင်တဲ့ထွန်းမင်းနိုင်က ပထမအချီမှာ ထိမိတဲ့ထိုးချက် မယ်မယ်ရရမရှိဘဲ Jelevan ရဲ့ လက်သီးတွေ ဒူးတွေမိပြီး ကြမ်းနဲ့မိတ်ဆက်နေတာ၊ ပြေးဖက်နေတာ ဒုတိယအချီမှာ ဒူးထောက်ခွေကျသွားလို့ အမှတ်စဥ်ရေခံရတာ၊ တတိယအချီမှာလည်း အထိုးပဲခံနေရတာ၊ သုံးချီလုံးခြုံကြည့်ရင်တောင် ထွန်းမင်းနိုင်ရှုံးမယ်ဆိုတာ ပရိသတ်တောင်သိနေတာ၊ အမှတ်နဲ့ဖြတ်တော့မယ့်အချိန်မှာ ရှုံးမယ်ဆိုတာကြိုသိနေပြီး မျက်နှာငယ်နဲ့ဖြစ်နေတာ ဒါတွေကပဲ ထွန်းမင်းနိုင် ရှုံးနိမ့်ဖို့လုံလောက်ခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *