MT News

Wtitten By Thandar

ပရိသတ်တွေ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ရွှေနှစ်ရွှေပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဇာတ်လမ်းပုံစံ “ဆူးပေးတဲ့ဆု” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကို ယနေ့ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားက လွန်ခဲ့တဲ့ ၂၀၁၉ က ရိုက်ထားတဲ့ကားမို့ နည်းနည်းလည်း ကြာပါပြီ။ ဒီနေ့ခေတ်နဲ့ဆိုတော့ နည်းနည်းကွဲလွဲတာလေးတွေရှိမှာပေါ့။ ဒါပေမယ့် အဲဒီတုန်းက အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားရိုက်ခဲ့တာပါ။ ဒီဇာတ်လမ်း စတင်မြစ်ဖျားခံတာကတော့ ကိုရွှေထူးရဲ့ဇာတ်လမ်းပါ။ သူတို့လင်မယားက ကျွန်တော်နဲ့ ဒီဇာတ်လမ်းရိုက်ချင်တယ်။ အကြိမ်ကြိမ် Meeting ထိုင်ပြီး ဇာတ်တွေကို ရေးကြရင်းနဲ့ ၃ ကြိမ်မြောက် ခုမြင်ရတဲ့ Version လေးထွက်လာတာပါ” လို့ ဒါရိုက်တာ သားညီကပြောပါတယ်။

ဒီဇာတ်ကားကို ဇာတ်လမ်း ကိုရွှေ၊ ဇာတ်ညွှန်း မိုးစက်ဝိုင်က ရေးသားထားပြီး ဒါရိုက်တာ သားညီက သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ရွှေထူး၊ အကယ်ဒမီ ရွှေမှုံရတီ၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ ခေးဆက်သွင်၊ မိုးပွင့်ဖြူ၊ ခေးလရောင်၊ ရဲမွန်၊ ကောင်းဆက်ထူး၊ ဇော်ဇော်အောင်၊ မင်းလူနတ်၊ မူယာကိုကို၊ အကယ်ဒမီကျော်ကျော်ဗိုလ်၊ အကယ်ဒမီ ချိုပြုံး (ဧည့်သည်သရုပ်ဆောင်) တို့နဲ့ ရိုက်ကူးထားပါတယ်။

“ဆူးပေးတဲ့ ဆု” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇန်နဝါရီ ၁၉ ရက်က စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်နက် ရုံတင် ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *