MT News

၁၇. ၁. ၂၀၂၄

လွိုင်ကော်မြို့ရှိ သမိုင်းဝင် မြို့နာမ်ရွှေစေတီတော်ကို KNPP နှင့် PDF များက လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သည်ဟု SAC ၏ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ကယားပြည်နယ်အတွင်းရှိ KNPP နှင့် PDF များက ဒေသခံပြည်သူ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ လွိုင်ကော်မြို့ရှိ သမိုင်းဝင် မြို့နာမ်ရွှေစေတီတော်အား အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရပြီး အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျည်များသည် စေတီတော် ပရိဝုဏ်အတွင်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် စေတီတော်၏ ကိုယ်လုံးတော်နှင့် အခြားသာသနိက အဆောက်အဦများတွင် လက်နက်ကြီးကျည် ထိမှန်ပျက်စီးမှု အချို့ရှိခဲ့ကြောင်း သိရှိရသည်ဟု ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *