MT News

Written by Hey Mar

လမ်းမြေညှိယာဉ်(Wheel Loader) တစ်စီး ပေ ၁၅၀ ခန့်နက်တဲ့ ချောက်ထဲထိုးကျတာကြောင့် ယာဥ်ပေါ်လိုက်ပါလာသူ အမျိုးသားနှစ်ဦးအနက် တစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့အဝင်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ ညနေပိုင်း ၆ နာရီဝန်းကျင်မှာ တာချီလိတ်မြို့အဝင် ဖားဟိရွာအနီး တောင်အဆင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး Wheel Loader က အရှိန်လွန်ကာ တောင်ခြေကိုကျသွားခဲ့တာလို့ သိရပါတယ်။

ဒဏ်ရာရ အမျိုးသားတစ်ဦးကို လမ်းကြုံကားတစ်စီးက တင်ဆောင်ကာ ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး ဒေသခံပရိဟိတအသင်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကျန်ရှိတဲ့ ရုပ်အလောင်းကို လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ရာ ဆန်ဆိုင်းဝမ်မိုင်ရပ်ကွက်မှာနေထိုင်သူ ကိုကျော်လင်း အသက် (၃၅) နှစ်လို့ သိရှိရတယ်လို့ သိရပါတယ်။

သေဆုံးသူကို လူမှုကူညီရေးအသင်းပိုင်ယာဥ်နဲ့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ (ဓာတ်ပုံ- တာချီလိတ်ပရဟိတ လူမှုကူညီရေးအသင်း)

Leave a Reply

Your email address will not be published. Required fields are marked *