MT News

Written by Hey Mar

ဆီဘောက်ဆာကနေ ဆီကားဆီကို ဆီပြောင်းရွှေ့ထည့်ရင်း ရှန်တိန်လုပ်တဲ့ ဟွန်ဒါစက်အသေးက မီးစတင်လောင်ကာ ဆီဆိုင်မီးလောင်မှု ဖြစ်စဥ်တစ်ခု ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မိုးကောင်းအုပ်စု ပင်းဘောအုပ်စု အုန်းပေါင်ကျေးရွာရှိ စက်သုံးဆီဆိုင်မှာ ဖြစ်ပွားခဲ့တယ်လို့ လက်ကမ်းပရဟိတအသင်းက သိရပါတယ်။

ဖြစ်စဥ်မှာ မိုးကောင်းမြို့နယ်၊ ပင်းဘောအုပ်စု၊ အုန်းပေါင်ကျေးရွာမှာ ဒီနေ့ ဇန်နဝါရီ ၁၆ ရက် ညနေ ၃ နာရီ ကျော်ကTop Star စက်သုံးဆီဆိုင်မှာ ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် စက်သုံးဆီတင် ၁၂ ဘီးကားတစ်စီးနဲ့ ဆီပေပါအလုံးတစ်ရာကျော် ဆုံးရှုံးခဲ့ကာ ဆီဆိုင်အတွင်းကိုလည်း မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်ကျွမ်းချိန် မိနစ် ၄၀ ကျော်ကြာ လောင်ကျွမ်းခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ပင်းဘောနယ်မြေမီးသတ်စခန်း၊ ဆားမှော်နယ်မြေမီးသတ်စခန်း၊ လက်ကမ်းပရဟိတ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ဒေသခံတွေက မီးသတ်ယာဉ်နှစ်စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *