MT News

ကျပ်သိန်း ၆၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလိုအား သီပေါမြို့တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ကွင်းဆက်တရားခံကိုပါ ဖမ်းဆီးနိုင်ခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ သီပေါ-နမ့်လန်သွားကားလမ်း၊ ခိုလုံကျေးရွာ၊ ၉ မိုင်လမ်းခွဲတွင် ဇော်လတ်(ခ) အသေးလေး မောင်းနှင်လာသည့် VOXY ယာဉ်အား ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ကျပ်သိန်း ၆၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို သိမ်းဆည်းရမိကာ ကွင်းဆက်ဖော် ထုတ်ချက်အရ ဘိန်းဖြူသယ် ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ချမ်းသာ အား နောင်ချိုမြို့တွင် ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးသို့ သယ်ဆောင်မည်ဟုသိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများအား ထပ်မံဖော်ထုတ်နေသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News