၁၄. ၁.၂၀၂၃

Written hy Hey Mar

အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် မီးလောင်ကျွမ်းမှုဖြစ်စဥ် ဇန်နဝါရီ ၁၃ ရက် ည ၈ နာရီ မိနစ် ၃၀ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာဖြစ်ပွားခဲ့တယ်လို့ အင်းစိန်အခြေစိုက်ပရဟိတအသင်းထံက သိရပါတယ်။

ဖြစ်စဥ်က အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ ခြင်ဆေးခွေထွန်းရာက အထပ်သားပေါ် ​ခြင်ဆေးခွေမီးပြုတ်ကျပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ InseinVolunteerTeam ထံက သိရပါတယ်။

“လောင်တဲ့ အိမ်ဆောက်ပစ္စည်းဆိုင်ရဲ့ ဘေးမှာ ကုန်စုံဆိုင်ရှိတယ်။ မီးက ဘယ်မှ မကူးဘဲ ဆိုင်ထဲမှာပဲ လှိုက်လောင်နေသလိုဖြစ်သွားတာ။ အထပ်သားတွေထားတဲ့ အပုံဘက်က လောင်အားကောင်းနေလို့ ဆိုင်ထဲ ရှေ့တန်းက ဝင်ငြှိမ်းရတဲ့ မီးသတ်သမားတစ်ဦး ဒဏ်ရာရလို့ ပရဟိတအဖွဲ့တွေက ဆေးအကူအညီပေးရတာလည်းရှိပါတယ်” လို့ InseinVolunteerTeam တာဝန်ရှိသူက ပြောပါတယ်။

မီးလောင်မှုဖြစ်စဥ်ကို အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုတွေနဲ့အတူ မရမ်းကုန်းမြို့နယ်က မီးသတ်ယာဥ်အုပ်စုတွေ ထွက်ခွာငြှိမ်းသတ်ပေးခဲ့ပြီး အင်းစိန်အခြေစိုက် ပရဟိတ အဖွဲ့တွေကလည်း၊ ရေသယ်ယာဥ် (၂) စီး၊ လူနာတင်ယာဥ် ( ၄ ) စီး၊ လူအင်အား ( ၇၂ ) ဦး တို့နဲ့ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့သိရပါတယ်။

ဓာတ်ပုံ- Insein Volunteer Team

Leave a Reply

Your email address will not be published. Required fields are marked *