၁၀. ၁. ၂၀၂၄
Written by Nay Aung

ခွင့်ပြုထားသော ပမာဏထက်ကျော်လွန်ပြီး စင်ကာပူဒေါ်လာများကို နိုင်ငံပြင်ပကို ထုတ်ယူရန် ကြိုးပမ်းခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားသုံးဦးကို စင်ကာပူအာဏာပိုင်များက ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရသည်။

စင်ကာပူရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားများဖြစ်သည့် ကိုကျော်မင်းဦး၊ ကိုဝေဆာထွန်း၊ ကိုဝင်းမြင့်တို့က ခွင့်ပြု ချက်မရှိဘဲ စင်ကာပူဒေါ်လာ ၅၀၈၉၂၅ ဒေါ်လာကို နိုင်ငံပြင်ပ ထုတ်ယူရန်ကြိုးပမ်းခဲ့ကြောင်း၊ စင်ကာပူနိုင်ငံမှပြန်ထွက်ခါနီးအချိန်တွင် စင်ကာပူဒေါ်လာ ၅၀၈၉၂၅ ကို နိုင်ငံပြင်ပသို့ ယူဆောင်သွားရန်ကြိုးပမ်းချိန် ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စင်ကာပူဒေါ်လာ ၅ သိန်းကျော်သည် ကိုကျော်မင်းဦးဆိုသူပိုင်ဆိုင်သည့်ငွေကြေးများဖြစ်ပြီး အခြားနှစ်ဦးက ထိုငွေကြေးများကို စင်ကာပူနိုင်ငံပြင်ပသို့ ထုတ်ယူရန်ကြိုးပမ်းရာတွင် ကူညီပေးခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ပြောသည်။

မြန်မာနိုင်ငံသားသုံးဦးကို Hall of Changi Airport Terminal 1 လေဆိပ်မှတစ်ဆင့် စင်ကာပူဒေါ်လာများကိုတရားမဝင်ထုတ်ယူရန် ကြိုးပမ်းမှုဖြင့်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါလေဆိပ်တွင် ကိုဝေဆာထွန်းထံမှ စင်ကာပူဒေါ်လာ ၂၅၀၀၀၀၊ ကိုဝင်းမြင့်ထံမှ စင်ကာပူဒေါ်လာ ၂၄၉၀၀၀ ကျော်နှင့် ကိုကျော်မင်းဦးထံမှ စင်ကာပူဒေါ်လာ ၁သောင်းနီးပါးကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါငွေကြေးများအားလုံးက ကိုကျော်မင်းဦး ပိုင်ဆိုင်သည့်ငွေကြေးများဖြစ်ကြောင်း စင်ကာပူရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါမြန်မာနိုင်ငံသားသုံးဦးသည် စင်ကာပူဒေါ်လာ ၂၀၀၀၀ ထက်ကျော်လွန်ပြီး စင်ကာပူနိုင်ငံပြင်ပသို့ မယူဆောင်ရန်ဆိုသော ကန့်သတ်ချက်ကို သိရှိထားသူများဖြစ်ကြောင်း စင်ကာပူရဲတပ်ဖွဲ့ကပြောသည်။ စင်ကာပူရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင် ကိုကျော်မင်းဦး အပါအဝင် မြန်မာနိုင်ငံသားသုံးဦးကို စွဲချက်တင်ပြီး ပြီးခဲ့သောရက်ပိုင်းတွင် အမိန့်ချမှတ်ခဲ့ရာ ကိုကျော်မင်းဦးကို ငွေဒဏ်အဖြစ် စင်ကာပူဒေါ်လာ ၁ သောင်း ဒဏ်ရိုက်ခဲ့သလို ဝေဆာထွန်းနှင့် ဝင်းမြင့်တို့ကို တစ်ဦးအတွက် ဒဏ်ငွေအဖြစ် စင်ကာပူဒေါ်လာ ၅၀၀၀ ကနဦး ဒဏ်ရိုက်ခဲ့ကြောင်းသိရသည်။

Ref police.gov.sg

Leave a Reply

Your email address will not be published. Required fields are marked *

Related News