MT News

တည်းဖြတ် Hey Mar/ တင်ဆက် PanEi

၂၀၀၉ ခုနှစ်မှာ ပွဲဦးထွက်တင်ဆက်ခဲ့တဲ့ Avatar ရုပ်ရှင်ဟာ Titanic ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး James Cameron ရိုက်ကူးထားတဲ့ ရုပ်ရှင်သမိုင်းရဲ့ မှတ်တိုင်တစ်ခု ဖြစ်ခဲ့တဲ့ ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ဒေါ်လာ ၂ ဒသမ ၇ ဘီလျံဝင်ငွေရရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင် Box Office စံချိန်ကို ချိုးဖျက်ခဲ့သလို နောက်ထပ် ခေတ်သစ်တစ်ခုဆီကို ကူးပြောင်းပေးနိုင်ခဲ့တဲ့ ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။

ကမ္ဘာကျော် ရုပ်ရှင် Avatar ထွက်ရှိပြီး ဆယ်စုနှစ်တစ်ခုကျော် အကြာမှာတော့ Avatar 2: The Way of Water ရုပ်ရှင် ထွက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဟာ ၃ နာရီ ၁၀ မိနစ်တိတိ ကြာမြင့်မှာဖြစ်ပြီး ဒါဟာ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Avatar ထက် နာရီဝက်ကျော်ကျော်လောက် ပြသချိန် ပိုကြာမှာဖြစ်လို့ ဆယ်စုနှစ်တစ်ခုကျော်ကြာ စောင့်ဆိုင်းနေခဲ့ရတဲ့ Avatar- 2 ကို တစ်ဝကြီးကြည့်ရှုကြရတော့မှာမို့ ရုပ်ရှင်ချစ် ပရိသတ်တွေကလည်း စောင့်မျှော်နေကြရပါတယ်။

ကမ္ဘာကျော်ဒါရိုက်တာ James Cameron ရဲ့ ဒုတိယမြောက် လက်ရာ ဖြစ်တဲ့ ဒီဇာတ်ကားမှာ Sam Worthington, Zoe Saldaña, Sigourney Weaver, Stephen Lang တို့ ပြန်လည် ပါဝင်လာပြီး Vin Diesel နဲ့ Kate Winslet တို့ကလည်း အားဖြည့်ထားပါတယ်။

Avatar- 2 Trailer ကို NOV 2 ရက်နေ့က ထုတ်လွှင့်ခဲ့ပြီး လာမယ့် ဒီဇင်ဘာ ၁၆ ရက်မှာ ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *