MT News

ရိုက်ကူးတင်ဆက်- သီဟ

ပုဂံ လက်ဆောင် ဝါးလက်မှုပစ္စည်းတွေ ကိုယ်တိုင်ထုတ်လုပ်ရောင်းချနေတဲ့ လက်မှုပညာရှင် ဦးထွဏ်းလွင် က လက်မှုလုပ်ငန်းထွက် ပစ္စည်းတွေကို ပြည်တွင်းရော ပြည်ပမှာ တွင်တွင်ကျယ်ကျယ် ရောင်းချနိုင်အောင် ကြိုးစား လုပ်ဆောင်နေသူပါ။

သူ့ရဲ့ ထွက်ကုန်တွေ အမျိုးမျိုးရှိတဲ့အနက် ဟိုတယ်၊ စားသောက်ဆိုင် လုပ်ငန်းတွေမှာ အသုံးဝင်တဲ့ မီးဆိုင်းတွေ၊ နာရီ ၊ Fruit Basket လို့ခေါ်တဲ့ ခြင်းတောင်းလေးတွေ တစ်ရှူးဘောက်စ်တွေက အဓိက အရောင်းသွက်ခဲ့တာပါ။

ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါကာလအတွင်း ဦးထွဏ်းလွင်တို့လို လက်ဆောင်ပစ္စည်းထုတ်လုပ်ရောင်းချတဲ့ စျေးကွက်တွေ စျေးကွက်ပျက်တဲ့ အနေအထား ကြုံခဲ့ရပါတယ်။ ဒါကြောင့် လုပ်ငန်းရပ်ဆိုင်းပြီး အခြားဝင်ငွေရ လုပ်ငန်းတွေ ပြောင်းလုပ်ပြီး စားဝတ်နေရေး ဖြေရှင်းခဲ့ကြရတာပါ။

လက်ရှိမှာတော့ လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်အောင် တောင့်ခံ ကြိုးစားရင်း ၊ သူ့တို့ရဲ့ လက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းကနေ ကြိုးပမ်းလုပ်ဆောင်နေဆိုတဲ့ အကြောင်းတွေကို MT News ပရိသတ်တွေသိဖို့နဲ့ မြန်မာ့ရိုးရာလက်မှုပစ္စည်းစျေးကွက်မှာ ဘယ်လိုအခက်ကြုံခဲ့တယ်ဆိုတာ တာဝန်ရှိသူတွေ ခန့်မှန်းနိုင်ဖို့ ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News