၃၀. ၁၂. ၂၀၂၃

Written by Pan Ei

တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းရုပ်သံလိုင်းဖြစ်တဲ့ SBS က ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးဒရာမာတွေနဲ့ အကောင်းဆုံးသရုပ်ဆောင်တွေကို ဂုဏ်ပြုဆု ချီးမြှင့်တဲ့ အခမ်းအနားကို မနေ့ (ဒီဇင်ဘာလ ၂၉ ရက်) ညက ကျင်းပခဲ့ပါတယ်။

ဒီနှစ်အတွက် အမြင့်ဆုံးဆု(Daesang) ကိုတော့ ထူးထူးခြားခြားအနေနဲ့ နှစ်ဆုချီးမြှင့်ခဲ့ပြီး“Taxi Driver 2”ထဲကဇာတ်ကောင်နဲ့ မင်းသား Lee Je Hoon၊ “Revenant” ဇာတ်ကားထဲက ဇာတ်ကောင်နဲ့ မင်းသမီး Kim Tae Ri တို့က ရရှိခဲ့ပါတယ်။

ဒါ့အပြင် ထိပ်တန်းထူးချွန်ဆုကို “Dr. Romantic 3” ဒရမ်မာနဲ့ ပရိသတ်အချစ်တော်တွေဖြစ်တဲ့ မင်းသား Ahn Hyo Seop နဲ့ မင်းသမီး Lee Sung Kyung တို့က ရရှိခဲ့ပြီး အကောင်းဆုံးစုံတွဲဆုကို လက်ရှိမှာပြသနေတဲ့ My Demon ဇာတ်ကားနဲ့ Song Kang နဲ့ Kim Yoo Jung တို့က ရရှိခဲ့ပါတယ်။ တခြားသော သရုပ်ဆောင်ထူးချွန်ဆုတွေကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပြီး အကောင်းဆုံး ဒရမ်မာဆုကိုတော့ “Taxi Driver 2” က ရရှိခဲ့ပါတယ်။

မနေ့ညက ဆုပေးပွဲကို တက်ရောက်လာကြတဲ့အနုပညာရှင် အများစုဟာ ဒီဇင်ဘာ ၂၇ ရက်က ရုတ်တရက် သေဆုံးသွားခဲ့ရတဲ့ မင်းသား Lee Sun Kyun အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အနက်ရောင်ဖက်ရှင်ကို ဝတ်ဆင်ခဲ့ကြပြီး ဆုရရှိသူတွေက ကျေးဇူးတင်စကား ပြောကြားရာမှာလည်း စီနီယာဖြစ်သူ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဘက်ဖြစ်သူ ဖြစ်တဲ့ Lee Sun Kyun အတွက် ဆုတောင်းစကားတွေ ပြောပေးခဲ့ကြပါတယ်။ ဒါ့အပြင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဖျော်ဖြေတဲ့ သီချင်းတွေကိုလည်း ပြောင်းလဲခဲ့ပြီး Mamamoo အဖွဲ့ဝင် Hwasa ကလည်း အဆွေးသီချင်း LMM ကို သီဆိုခဲ့ပါတယ်။

SBS ရဲ့ Entertainment ဆုပေးပွဲကိုတော့ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက် ညမှာ ဆက်လက် ကျင်းပသွားမှာဖြစ်ပါတယ်။

Ref; Soompi

Leave a Reply

Your email address will not be published. Required fields are marked *