၃၁.၁၂.၂၀၂၃

Written by KL

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင်-သံဖြူဇရပ်လမ်း ကန်ကြီးရွှင်ပျော်ပျော် (စားသောက်ဆိုင်)ရှေ့တွင် ယနေ့ (ဒီဇင်ဘာ ၃၁ရက်) နံနက် ၅နာရီကျော်က လမ်းလျှောက်လာသော အမျိုးသားကြီးကို မော်တော်ယာဥ်တစ်စီး ဝင်တိုက်ရာမှ ဒဏ်ရာများပြင်းထန်စွာရရှိကာ သေဆုံးသွားကြောင်း ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ယာဥ်တိုက်ခံရသော အသက် ၆၁ နှစ်အရွယ် အမျိုးသားကြီးမှာ ဦးခေါင်းနောက်စေ့ကွဲ၊ ညာဘက်ဂျိုစောင်းဖူးယောင်၊ ဦးခေါင်းတွင်းဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာ့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဒဏ်ရာရရှိသူကို ​သွေးလွန်သွေးလန့်မှုမဖြစ်စေရန်အတွက် ရှေးဦးသူနာပြုနည်းစနစ်ဖြင့် ပြုစုပေးပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဥ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *